20.7.16

မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာရှိ သဘာဝသစ်တောကို ယူနက်စကိုစာရင်းဝင်ရန် ထိုင်းကြိုးပမ်းနေမှု မြန်မာအစိုးရကန့်ကွက်

နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာကို ထိုင်းအစိုးရက ၎င်းတို့ထိန်းသိမ်းထားသည့် သဘာဝတောအဖြစ် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ယူနက်စကိုအစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးတို့ ထိစပ်နေသောနေရာကို ကန့်ကရာချန်သဘာဝသစ်တောအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ထိုင်းက ကြိုးပမ်းနေသဖြင့် မြန်မာနိုင်ငံက ယူနက်စကိုဘုတ်အဖွဲ့သို့  ကန့်ကွက်ကြောင်း အဆိုတင် သွင်းခဲ့သည်။‘‘ပြဿနာက အဲဒီနေရာက ထိုင်း-မြန်မာနယ်နိမိတ်အဖြစ် မသတ်မှတ်ရသေးတဲ့ နေရာဖြစ် နေတယ်။ အဲဒါကို ကန့်ကွက်ဖို့ သစ်တောက ယူနက်စကိုအစည်း အဝေးတက်ရောက်ခဲ့တယ်’’ ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင် ဆွေက ပြောသည်။
သဘာဝ သစ်တောဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည်မှာ မှန် ကန်သော်လည်း နှစ်နိုင်ငံ နယ်နိ မိတ်ချင်း ထိစပ်နေကာ သဘာဝ တောအတွင်း ကျင်လည်ကျက်စား နေသည့် တောရိုင်းတိရစ္ဆာန်များ လည်း ရှိသဖြင့် ထိုင်းနိုင်ငံက ၎င်း တို့ပိုင်ဆိုင်သည့် သဘာဝတောအ ဖြစ် လုပ်ဆောင်နေခြင်းသည် မှား ယွင်းကြောင်း မြန်မာဘက်က အ ဆိုတင်သွင်းခဲ့သည်။
ထိုင်းနိုင်ငံ ကန့်ကရာချန်ဟု အမည်ပေးထားသည့် သဘာဝ သစ်တောသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်နေကာ ဟက်တာ ပေါင်းလေးသိန်းကျော်ကျယ် ၀န်းပြီး ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ခရိုင်ကြီး သုံးခုနှင့်လည်း ထိစပ်နေသည်။
ထိုင်းနိုင်ငံဘက်မှ ကမ္ဘာ့အ မွေအနှစ်စာရင်းသို့ တင်သွင်းရ ခြင်းမှာ ကန့်ကရာချန် သဘာဝ တောတွင် ၎င်းတို့နိုင်ငံအတွက် အ ရေးကြီးသည့် မြစ်ကြီးလေးစင်းရှိ ပြီး သဘာဝထိန်းသိမ်းနယ်မြေ တစ်ခုနှင့် အမျိုးသားဥယျာဉ်နှစ်ခု ရှိနေသည်။ ယင်းသစ်တောအတွင်း အမျိုးသားဥယျာဉ်အသစ်တစ်ခု တည်ထောင်ရန်လည်း ထိုင်းအစိုး ရက လျာထားသည်။
ကန့်ကရာချန်သဘာဝတော နှင့် အမျိုးသားဥယျာဉ်သုံးခုလည်း ထိစပ်နေသည်ဟု ထိုင်းအစိုးရက ဆိုသည်။ အမြဲစိမ်းသစ်တော၊ မိုး သစ်တောများကို တွေ့ရှိရသည့် အင်ဒို-မလေးယန်း ဂေဟဒေသ လည်းဖြစ်သည်။ ထိုင်းနိုင်ငံက တင်သွင်းထားသည့် အစီရင်ခံစာ တွင် အဆိုပါသစ်တောသည် ရာ သီဥတုပြောင်းလဲခြင်းကို ထိန်းညှိ ရာ၌ အရေးပါသော သစ်တော ဖြစ်ပြီး ရာသီဥတုမျှတမှုကိုလည်း ဖြစ်စေလိမ့်မည်ဟု ဖော်ပြထားသည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် အကြိမ် (၄၀) မြောက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ကော်မတီ အစည်းအဝေးကို ဇူလိုင် ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment