20.7.16

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း တစ်ပြိုင်တည်း ကြေညာပြီး အပစ်ရပ်ရန် UNFC တောင်းဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကို တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်းကြေညာ၍ အပစ်ရပ်စဲ ကြရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု(UNFC)က တောင်းဆိုခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းပေးမည်ဟု ပြောကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင် ၁၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် မှစ၍ ယခုအချိန်ထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက် မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ နှစ်ဖက်အကြား သဘောတူညီချက် မရ ဖြစ်နေပြီး သြဂုတ် မကုန်မီ ကျင်းပရန်စီစဉ်ထားသည့် ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ခွင့်ရရေးသည် မသေချာသေးပေ။

‘‘အဲဒီလို မဖြစ်ရလေအောင် လို့ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးက ကြေညာဖို့လို့ တောင်းလိုက်တာ ဖြစ်ပါတယ်။ ဒီ ဟာနဲ့ပတ်သက်လို့ကတော့ နိုင်ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ကြိုးစားပေးပါ့မယ်ဆိုတဲ့သဘော ပြောပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်နှင့် UNFC ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံပွဲ၌ ပါဝင်ခဲ့သူ ခူးဦးရယ်က ပြောသည်။

NCA လက်မှတ်မရေးထိုးရ သေးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC)နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့အကြား ဇူလိုင် ၁၇ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံကြရာ တွင် ယင်းအချက်ကိုဆွေးနွေးခဲ့ ကြခြင်း ဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံ - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရေး တိုင်ပင်ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

‘‘ကုန်ကုန်ပြောရရင်ဗျာ ကျွန် တော်တို့အနေနဲ့ တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးကြေညာလိုက် ရင်တော့ ဒီကိစ္စက အလိုလိုနေပြီး တော့ ကျွန်တော်တို့အတွက် အ ဆုံးအဖြတ်လိုမျိုးဖြစ်လာမလား ဆိုတဲ့သဘောပါ။ အဲဒီတော့ အစိုး ရတပ်မတော်ဘက်က လက်ခံမယ် ဆိုလို့ရှိရင် ကျွန်တော်တို့အတူတ ကွ သက်ဆိုင်သူအားလုံးက အတူ တကွကြေညာမယ်ဆိုလို့ရှိရင် သူ လည်းမပစ်ဘူး၊ ကိုယ်လည်းမပစ် ဘူးဆိုတဲ့ သဘောဖြစ်သွားပြီလို့ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒီအဖြေကိုလည်း ကျွန်တော်တို့ လိုချင်တာ ဖြစ်ပါတယ်’’ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)ခေါင်းဆောင် ခူးဦးရယ်က 7Day Daily သတင်းဌာန၏ မေးခွန်းကိုပြန်လည်ဖြေဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ NCA လက်မှတ်ရေးထိုးပြီး မူဘောင်ရေးဆွဲကာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဆို သည့် အဆင့်သုံးဆင့်ရှိနေပြီး ဦးစွာ NCA လက်မှတ်ရေးထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်မည် ဖြစ်သည်။

တိုင်းရင်းသား လက်မှတ်ရေးထိုးမှ သာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါ ၀င်ဆွေးနွေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် ‘၀’လက်နက်ကိုင်အ ဖွဲ့ (UWSA) နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့(NDAA)တို့ကမူ လက်မှတ်မရေးထိုးဟု ကြေညာခဲ့သည်။

နာ ဂလက်နက်ကိုင်အဖွဲ့ (NSCN-K)မှာလည်း လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ပေ။ ကျန်အဖွဲ့များသည် NCA ကို လက်နက်ကိုင်အဖွဲ့အား လုံး ပါဝင်ရေးထိုးနိုင်ရေးတောင်း ဆိုခဲ့ကြသည်။ သို့သော် သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကိုသာNCA ရေးထိုးရန် ဖိတ်ခေါ်ခဲ့သည်။

ကိုးကန့်၊ ပလောင်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ကို အစိုးရဘက်က လက်မှတ်ရေးထိုးခွင့်မ ပေးခဲ့ပေ။ ထို့နောက် KNU, KPC,DKBA, ABSDF, ALP, PNLO,CNF နှင့် RCSS/SSA ဆိုသည့် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ သည်။

အင်အားကြီး အဖွဲ့များဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့ (KIA), SSPP/SSA (N)၊ မွန်လက်နက်ကိုင်အဖွဲ့ (NMSP) တို့ အပါအ၀င် ကျန်အဖွဲ့များကမူ အားလုံး ပါဝင်ရေးမူကို စွဲကိုင်၍ NCA လက်မှတ်မရေးထိုးကြပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မိန့်ခွန်းများအတွင်း NCA နှင့်ပတ်သက်၍ အားလုံးပါဝင်ရေးမူကို သဘောတူကြောင်း ပြောကြားခဲ့သည်။ ဒီချုပ်အစိုးရ တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လအတွင်းကျင်းပရန် စီစဉ်နေသည်။

NCA လက်မှတ်ရေးထိုးထား သော အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသော အဖွဲ့များအားလုံးပါဝင်မည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ထိပ်သီးညီလာခံကို ယခုလအတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြုလုပ်ရန် ရှိသည်။

၂၁ ရာ စုပင်လုံညီလာခံကို သြဂုတ် တတိယပတ် နောက်ဆုံးထား ကျင်းပနိုင်ရန် ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့ကကြေညာထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment