26.7.16

အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာပါရန် အမေရိကန်သံရုံးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အသိပေး


ရန်ကုန်မြို့ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင် ၂၄ ရက်က လုံခြုံရေး လေ့ကျင့်မှု ပြုလုပ်ရာမှ မျက်ရည်ယိုဗုံး
ပေါက်ကွဲသဖြင့် အနီးပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာ ပြည်သူများကို အနှောင့်အယှက်ဖြစ် ထိတ်လန့်စေခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်သံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လည်းကောင်း၊ စာဖြင့်ရေးသား၍ လည်းကောင်း နောက်နောင် ဤသို့သော ကိစ္စမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် အထူးကြီးကြပ် ရှောင်ရှားရန်နှင့် အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာပါရန် အသိပေး အကြောင်းကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment