26.7.16

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၇)မှ ဦးရဲမြင့်စိုး၏ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရခြင်းအပေါ် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်အစီအမံကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရန်ကုန်တိုင်းဒေသကြီး သုံးခွနှင့် ခရမ်းမြို့နယ် များတွင် တည်ဆောက်ထားသော ရေထိန်းတံခါးများ၊ ရေနုတ်မြောင်းများ၊ ရေငန်တားတာများသည် ဒေသနေ ပြည်သူများအတွက် ရေချိုပေးပို့ရန်၊ ရေချိုထိန်းသိမ်းရန်၊ ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်နှင့် မိုးရာသီရေကြီး နစ်မြုပ်မှုမှကာကွယ်ရန် စသည့်အချက်များအပေါ်အခြေခံ၍ တည်ဆောက်ပေးထားခြင်းဖြစ်၍ မူလတည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်လုပ်ငန်းစဉ်များအတိုင်း အကျိုးပြုနိုင်စေ ရန်အတွက် ရေထိန်းတံခါးများ အကြီးစားပြုပြင်ပေးခြင်း၊ ဆက်စပ်ရေနုတ်မြောင်းများနှင့် ရေသွင်း၊ ရေထုတ်မြောင်း များ တူးဖော်ပေးခြင်းဖြင့် သုံးခွနှင့် ခရမ်းမြို့နယ်အတွင်းမှ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာ စေနိုင်မည်ဖြစ်သောကြောင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို ရန်ပုံငွေရရှိမှုအပေါ်အခြေခံကာ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ၂ဝ၁၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှု များပြားသော စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ထွန်စက်အစီး ၈ဝ ဖြင့် သဲ၊ ကျောက်၊ သစ်တုံးဖယ်ရှားခြင်း ၁၆၁၆ ဧက၊ နုန်းဖယ်ခြင်း ၂၅၆၃ နာရီ၊ ကန်သင်းဖော်မြေညှိခြင်း ၆၇ဝ၅ ဧက၊ မိုးစပါးစိုက်ပျိုးရန် ၆၁၆၂ ဧက ထွန်ယက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း။
ထို့ပြင် ဆောင်းသီးနှံစိုက်ပျိုးရန် ၁၃၆၅၃ ဧက ထွန်ယက်ခြင်း၊ ရေနစ်ပျက်စီးခဲ့သော တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာများဖြစ်သော ထွန်စက် ၁၂ စီး၊ လက်တွန်းထွန်စက် ၁၂၃၉ စီး၊ ရေစုပ်စက် ၁၇၇ လုံးတို့ကို ဌာနရှိ ကျွမ်းကျင်ပြင်ဆင်ရေးဝန်ထမ်းများဖြင့် ကျေးရွာများ သို့ကွင်းဆင်း၍ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထွန်စက်အသစ် ၇၅ စီး ထပ်မံ ဖြည့်ဆည်း၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး စိုက်ပျိုးနိုင်ရန် ၁၄၇ဝ၁ ဧကကို ကန်သင်းဖော်မြေညှိခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းထွန်စက် အစီး ၆ဝ ဖြင့် မိုးစပါးစိုက်ပျိုးရန် ၆၉၁၂ ဧက ထွန်ယက်ခြင်းနှင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ထွန်စက်အသစ် ၃၅ စီး ထပ်မံဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း။
ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်ဒေသများဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်များရှိ ထိခိုက်ပျက်စီးသွားသော လယ်မြေများကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် ထွန်စက် ၂၅ စီးနှင့် တောင်သူများအတွက်လိုအပ်သော ဒေါင်ဖန်း လက်တွန်းထွန်စက် အစီး ၁ဝဝ ကို ရန်ကုန်မှ ကျောက်တော် မြို့သို့ ရေကြောင်းခရီးဖြင့်ပေးပို့ခဲ့ပြီး မိုးစပါးစိုက်ပျိုးရန် ဧက ၁၂၈ဝ ထွန်ယက်ပေးခဲ့ပါကြောင်း၊ ယခုနှစ် မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက်လည်း လုပ်ငန်းများပိုမိုဆောင်ရွက် နိုင်ရန် ထွန်စက်အသစ် အစီး ၂ဝ ထပ်မံဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် တောင်သူလယ်သမားများအား ချေးငွေထုတ်ချေးရန် ရန်ပုံငွေခွင့်ပြုချက်များရရှိပြီးဖြစ်၍ ၂ဝ၁၆ မိုးချေးငွေများကို ၂ဝ၁၆ ခုနှစ် မေလ ၁၆ ရက်နေ့မှ စတင် ထုတ်ချေးနေပြီဖြစ်ကြောင်းနှင့် ယခင်က မိုးစပါး တစ်ဧက လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာမှ ယခုနှစ် မှစ၍ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ပိုမို ထုတ်ချေးလျက်ရှိကြောင်း။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးသွားသောသီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် မျိုးအတွက်လိုအပ်သည့်ငွေများကို နိုင်ငံတော် သမ္မတ၏ သီးသန့်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတို့မှ ငွေကျပ် ၈၁၁ ဒသမ ၁ဝ၂ သန်း ပံ့ပိုးပေးခဲ့ပါကြောင်း။
ထို့အတူ နိုင်ငံတော်သမ္မတ၏သီးသန့်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတို့မှ ကယားပြည်နယ်တွင် ငွေကျပ် ၇ ဒသမ ၉၃၂ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ငွေကျပ် ၁၂၃၄ ဒသမ ဝ၉၃ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ငွေကျပ် ၄ဝ၆ ဒသမ ဝ၅၈ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂၄ သန်း၊ မွန်ပြည်နယ်တွင် ငွေကျပ် ၃ ဒသမ ၅ဝ သန်း၊ ရခိုင်ပြည်နယ်တွင် ငွေကျပ် ၁၆၈၈ ဒသမ ၄၃ဝ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် သန်း ၃ဝ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငွေကျပ် သန်း ၃ဝ စုစုပေါင်းငွေကျပ် ၄၂၁၈ ဒသမ ၆၃၉ သန်းကို ထောက်ပံ့ငွေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ ထောက်ခံတင်ပြချက်များဖြင့် ပံ့ပိုးကူညီခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ၂ဝ၁၅ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံနှင့်အဝှမ်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စိုက်ပျိုးသီးနှံများ၊ ရွှံ့ညွန်သဲများ၊ သစ်တုံးကြီးများ ဖုံးလွှမ်းသွား၍ စိုက်ပျိုးရန်ခက်ခဲသွားသည့် လယ်ယာမြေများနှင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကာယကံရှင် တောင်သူလယ်သမားများအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် မည်ကဲ့သို့သောပံ့ပိုးကူညီမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်ခမ်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခွင် ရပ်ကွက်/ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေမှုများ ဖမ်းဆီးအရေးယူရေး၊ အုပ်စုလိုက် မူးယစ်ဆေးဝါးများသုံးစွဲသည့် ချောင်ကျသောနေရာမျာားး အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ပညာပေးမှုများ ရပ်ကွက်/ကျေးရွာမကျန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲ သူများ ပြန်လည်ပြုစုကုသပျိုးထောင်ပေးသည့်စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေးနှင့် စပ်လျဉ်း သည့်အဆိုကို တင်သွင်းရာ လွှတ်တော်က သဘောတူ အတည်ပြုခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment