26.7.16

ရေပြင်ဝေဟင် မောင်းနှင်နိုင်သောလေယာဉ် တရုတ်နိုင်ငံ ထုတ်လုပ်မှု သမိုင်းမှတ်တိုင်စိုက်ထူ


တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင်လည်းကောင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်းကောင်း အသုံးပြုရန် ရည်ရွယ်လျက်
တရုတ်နိုင်ငံက ရေပြင်တွင်ရော ဝေဟင်တွင်ပါ မောင်းနှင်နိုင်မည့် လေယာဉ်တစ်မျိုးကို ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လမ်းနှစ်သွယ်မောင်းနှင်နိုင်သော လေယာဉ်များအနက် အကြီးဆုံးလေယာဉ်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံတောင်ပိုင်း ကျူဟိုင်းမြို့ရှိ လေယာဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ အေဂျီ-၆ဝဝ အမျိုးအစား လမ်းနှစ်သွယ်မောင်းနှင်နိုင်သော လေယာဉ်ကို ထုတ်လုပ်ထားသည်။ တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းလုပ်ငန်းတွင် သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်သော ထုတ်လုပ်မှု တစ်ရပ်ဖြစ်ကြောင်း မြို့ပြလေကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ 

အဆိုပါလေယာဉ်သည် ၅၃ ဒသမ ၅ တန်အထိ ရှိသော ကုန်နှင့်လေယာဉ်အလေးချိန်ဖြင့် ဝေဟင်အတွင်း သို့ ပျံတက်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၅ဝဝ ရှိကြောင်း၊ အဝေးဆုံးပျံသန်းနိုင်သည့် ခရီးတာမှာ ကီလိုမီတာ ၄၅ဝဝ ဖြစ်ကြောင်း၊ ၁၂ နာရီ ကြာမျှ မနားမနေပျံသန်းနိုင်ကြောင်း နိုင်ငံပိုင်လေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော တရုတ်နိုင်ငံမြို့ပြ လေကြောင်းဆိုင်ရာ စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ပြောကြားသည်။

အေဂျီ -၆ဝဝ အမျိုးအစား လေယာဉ်သည် အလျား ၃၇ မီတာရှိပြီး ၃၈ ဒသမ ၈ မီတာအရှည်ရှိ လေယာဉ် တောင်ပံတပ်ဆင်ထားသည်။ ယနေ့ကာလအထိ ကမ္ဘာပေါ်တွင် ဝေဟင်မှာရော ရေပြင်မှာပါ မောင်းနှင်နိုင်သော လေယာဉ်များအနက် အကြီးဆုံးဖြစ်ကာ ဘိုးရင်း-၇၃၇ လေယာဉ်အရွယ်အစားတမျှရှိသည်ဆို၏။ 
Credit To >>>The Mirror Daily

0 comments:

Post a Comment