22.7.16

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် ယနေ့မှစ၍ တစ်နေ့နှစ်ကြိမ် နိုင်ငံတော် သီချင်းဖွင့်မည်

ထိုင်းနယ်စပ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားမြန်မာဘက် ခြမ်းတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) မှစ၍ အသံချဲ့စက်ဖြင့် နိုင်ငံတော် သီချင်း တစ်နေ့နှစ်ကြိမ်ဖွင့်မည် ဖြစ်ပြီး ဒေသခံပြည်သူများကြား ရာနေရာမှ မတ်တတ်ရပ်ဂါရ၀ပြု ရန် နှိုးဆော်ထားကြောင်း မြ၀တီ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

      နယ်စပ်ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် နံနက် ၉ နာရီ တစ်ကြိမ်၊ ညနေ ၃ နာရီတစ်ကြိမ်နိုင်ငံတော်သီချင်း ဖွင့်မည်ဖြစ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများ ဇူလိုင် ၂၀ ရက်က အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း မြ၀တီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးလွင်ကိုဦးက ပြောသည်။
‘‘ကျွန်တော်တို့ မြို့က နယ် စပ်မြို့ဖြစ်တဲ့အတွက် နိုင်ငံကိုယ် စားပြုအနေနဲ့ ကျွန်တော်တို့မြို့က လုပ်ဆိုပြီးတော့ တစ်မြို့နယ်လုံး မှာရှိတဲ့ ကျောင်းတွေ အားလုံး ကိုယ့်နိုင်ငံတော်သီချင်း ဖွင့်တဲ့အ ခါ အုပ်ချုပ်ရေး အဖွဲ့ကနေပြီး တော့ သက်ဆိုင်ရာ ရောက်တဲ့နေ ရာမှာ ရပ်ပြီးတော့ အရိုအသေပြု၊ ဂါရ၀ ပြုပါလို့။ ကျွန်တော်တို့က မနှစ်ကတည်းက စီမံပေမယ့် မနှစ်က အကောင်အထည်မဖော် နိုင်ခဲ့ဘူး။ ဒီနှစ်မှ အကောင်အ ထည်ဖော်တယ်။ ဖော်တဲ့အခါ ကျောင်းတွေတင် မဟုတ်ဘဲ အ ထင်ကရဖြစ်တဲ့ ချစ်ကြည်ရေး တံတားမှာ လုပ်ခွင့်ပြုပါလို့ တင် ပြလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ တာ’’ ဟု ဦးလွင်ကိုဦးက ပြော သည်။
ထိုင်းနိုင်ငံဘက်ခြမ်း၌ ထိုင်း အစိုးရက ၎င်းတို့၏ နိုင်ငံတော် သီချင်းနေ့စဉ်ဖွင့်ပြီး ထိုင်းရောက် မြန်မာနိုင်ငံသားများလည်း ရောက် ရာနေရာတွင်ရပ်၍ ဂါရ၀ပြုကြ ရသောကြောင့် မြ၀တီမြို့၌ ယခု ကဲ့သို့ နိုင်ငံတော်သီချင်းဖွင့်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း မြို့မိမြို့ဖ ဦးလှထွန်းက ပြောသည်။
‘‘ကျွန်တော်တို့က နယ်စပ်မြို့ဖြစ်ပြီးတော့မှ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အညီပေါ့။ သူများနိုင်ငံမှာ နိုင်ငံတော် သီချင်းဖွင့်ရင်တောင် ကျွန်တော်တို့ နိုင်ငံသားတွေ အရိုအသေပြုရသေးတာပဲ။ မြို့ခံတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားမှာပါ’’ဟု ဦးလှထွန်းက ပြောသည်။
တာချီလိတ်နှင့်ကော့သောင်း မြို့အပါအ၀င် ထိုင်းနိုင်ငံနှင့် နယ် စပ်ချင်းထိစပ်နေသာ အခြားမြို့ များတွင် ယင်းကဲ့သို့ လုပ်ဆောင် ခြင်းမရှိသေးကြောင်း သက်ဆိုင် ရာ မြို့နယ် ဒေသခံများထံမှ သ တင်းရရှိသည်။ မြ၀တီမြို့တွင် လည်း ၂၀၀၀ ပြည့်နှစ် ၀န်းကျင် က နိုင်ငံတော်သီချင်း နေ့စဉ်ဖွင့် သည့် အစီအစဉ်ပြုလုပ်ခဲ့ဖူးပြီး မအောင်မြင်ခဲ့ဘဲ ယခု တစ်ဖန် ပြန်လည်အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း မြို့ခံများကပြော ကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment