22.7.16

အိုလံပစ်ပွဲတော်ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံရွယ်နေသောအဖွဲ့တစ်ခုကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းမိ


ဘရာဇီးရဲတပ်ဖွဲ့သည် အိုင်အက်စ်အဖွဲ့ကို သစ္စာတော်ခံပြီး မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတော်ကို တိုက်ခိုက်ရန် ကြံစည်နေသော အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အပျော်တမ်းအကြမ်းဖက်အဖွဲ့တစ်ခုကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။
Operation Hashtag ဟု အမည်ပေးထားသော ပြည်လုံးကျွတ်အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နှင်းမှု စစ်ဆင်ရေးသည် ရီယိုဒီဂျနေယိုမြို့တွင် လာမည့် သြဂုတ်၅ ရက်၌ ကျင်းပတော့မည့် အားကစားပြိုင်ပွဲများမတိုင်မီ အများပြည်သူ လုံခြုံရေးအတွက် ချမှတ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

သို့သော် တရားရေးဝန်ကြီး အလက်ဇန္ဒား ဒီ မိုရက်စ် က ဘရာဇီးနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော ယင်းအဖွဲ့ကို အပျော်တမ်းအဖွဲ့ငယ်တစ်ခုအဖြစ် ခေါ်ဆိုလိုက်ပြီး သူတို့ထံတွင် တိကျသော ပစ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတ၀ှမ်း ပြည်နယ် ၁၀ ခုတွင် သံသယရှိသူဟု စွပ်စွဲခံရသူများကို ဖမ်းဆီးခဲ့ပြီး ၄င်းတို့ကို WhatsApp နှင့် Telegram ကဲ့သို့သော စာတိုပို့ဝန်ဆောင်မှုမှတဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် အရပ်သားများစွာကို သေဆုံးခဲ့စေခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ ကို တာဝန်ရှိသူများက ဖြတ်တောက်လျှက်ရှိသည်။
Credit To >>> Democracy Today

0 comments:

Post a Comment