28.7.16

ဇုန်ထုတ်ကားများအပ်နှံပြီး အိမ်စီးကား အစားထိုး တင်သွင်းခွင့်မပြုတော့

စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံပါက အိမ်စီးကားများ ပြန်လည်တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

သက်တမ်းပြည့်၍ အပ်နှံ မည့် စက်မှုဇုန်ထုတ်ကားများဖြစ် သည့် လိုက်ထရပ်၊ ပစ်ကပ်ကား များကို အစားထိုးပြန်လည်တင် သွင်းမည်ဆိုပါက အိမ်စီးကား တင်သွင်းခွင့်မပြုကြောင်း ကညန က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇုန်ထုတ်ကားများကို အပ်နှံ ပြီး စလစ်ထုတ်၍ ပြန်လည်တင် သွင်းမည်ဆိုပါက ကုန်တင်ယာဉ် အုပ်စုမှ ယာဉ်များကိုသာ ပြန် လည်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇုန်ထုတ်ကားများ လာ ရောက်အပ်နှံရာတွင် သက်တမ်း မပြည့်မီ တိုက်ကြေကားများဟု ဆိုကာ အပ်နှံသည့် အရေအတွက် များပြားလာသဖြင့် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
စလစ်ဈေးကွက်တွင် ယာဉ် အိုယာဉ်ဟောင်းထက် စက်မှုဇုန် ထုတ်ကားစလစ်မှာ ပိုမိုများပြား၍ ယခုထုတ်ပြန်မှုသည် ပြည်တွင်း ကားဈေးကွက်ကို သက်ရောက်မှု ကြီးမားနိုင်ကြောင်း မော်တော် ယာဉ်အရောင်းအဝယ်ပြုလုပ်သူ များက ဆိုသည်။
စက်မှုဇုန်ထုတ်ယာဉ်များကို သက်တမ်း ၁၀နှစ်ပြည့်ပါက က ညနက အပ်နှံခွင့်ပေးနေသော် လည်း နောက်ပိုင်းတွင် ဇုန်ထုတ် ယာဉ်များထဲမှ မသမာသောနည်း လမ်းများဖြင့် တိုက်ကြေများအ ဖြစ် အသွင်ပြောင်းကာ လုပ် ဆောင်ခဲ့သောကြောင့် ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်လာခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံမော် တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကပြော သည်။ ‘‘အခုလိုလုပ်လိုက်တဲ့အ တွက် အကောင်းဘက်ကတွေးရင် တော့ ရန်ကုန်လိုင်စင်ရနိုင်တယ်။ ဒါပေမဲ့ အိမ်စီးတွေသွင်းလို့မရ တော့ဘူး။ စလစ်က ဒီနေ့ဈေး ကွက်ထဲမှာ ရှာလို့မရတော့ဘူး။ ကားဈေးက တော်တော်တက်လာ နိုင်တယ်’’ဟု အဆိုပါအသင်းမှအ တွင်းရေးမှူးဦးမျိုးဇင်ဝင်းကပြော ကြားသည်။
စက်မှုဇုန်ထုတ်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ် နှံပါက သက်တမ်းသတ်မှတ်ခဲ့ခြင်း မရှိသော်လည်း ၂၀၁၃မှစတင်ပြီး ၁၀နှစ်ပြည့်မှသာလက်ခံမည်ဖြစ် ကြောင်း သတ်မှတ်ခဲ့သည်။
‘‘တိုက်ကြေလုပ်စားတယ် ဆို လုပ်စားတဲ့သူကို ဥပဒေအရ တရားစွဲပါ။ ထိထိရောက်ရောက် ကို အရေးယူပါ။ အရင်တုန်းက လိုမျိုး တစ်ခုခုပြဿနာတက်တိုင်း အားလုံး ဝါးလုံးသိမ်းကျုံးပြီး ပတ် ယမ်းတာမျိုးကို ဒီအစိုးရလက် ထက်မှာ ထပ်မဖြစ်စေချင်တော့ ဘူး။ မရိုးမသားလုပ်စားသူနဲ့ ရိုးရိုး သားသား ပြည်သူဘယ်ဟာ အရေအတွက် ပိုများမလဲ။ ကလိန်က ကျစ်ဆို အဲဒီလူကိုသာ အရေးယူ ပါ။ ကျန်တာကတော့ ပုံမှန်အ တိုင်းပဲ ဆက်ရှိနေစေချင်တယ်။ တစ်ယောက်မကောင်းလို့ အား လုံးသိမ်းကျုံးပြီး ဝိုင်းခံကြရမယ် ဆိုတာ ဒီဘက်ခေတ်တွေမှာ မဖြစ်သင့်၊ မရှိသင့်တော့ပါဘူး’’ဟု မော်တော်ယာဉ်နှင့်ပတ်သက်၍ ဆောင်းပါးများရေးသားနေသူကို အရည်ကြိုက သုံးသပ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment