28.7.16

ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်လေးစင်းဝယ်ယူရေး ကန်ထရိုက်စာချုပ် အိန္ဒိယလက်မှတ်ရေးထိုး

အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်လေးစင်း ဝယ်ယူရေးဆိုင်ရာ ကန်ထရိုက် စာချုပ်ကို အိန္ဒိယနိုင်ငံက ဇူလိုင် ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံ၏စစ်ရေးလှုပ်ရှားမှု ရှိ၊ မရှိ စောင့်ကြည့်နိုင်စေရေးအတွက် အိန္ဒိယရေတပ်က ကြိုးပမ်းလျက်ရှိချိန်တွင် ဘိုးရင်းကုမ္ပဏီလုပ် ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်လေးစင်းကို ဝယ်ယူရန် စီစဉ်ခြင်းဖြစ်သည်။ ဝယ်ယူမည့် ကင်းထောက်လေယာဉ်လေးစင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံရှိသည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း ရေငုပ်သင်္ဘောများ၏သွားလာလှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နိုင်ရန် ပီ-၈၁ အမျိုးအစား တာဝေးပျံလေယာဉ်ရှစ်စင်းကို ဖြန့်ကြက်ထားပြီးဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment