27.7.16

စီးပွားရေး ပူးပေါင်းလုပ်ဆောင်ဖို့ ကိုရီးယားရဲ့ SK Networks နဲ့ ဧဒင်လုပ်ငန်းစုတို့ သဘောတူလက်မှတ်ရေးထိုး



စီးပွားရေးလက်တွဲလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံက ဧဒင်လုပ်ငန်းစုနဲ့နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဇူလိုင်လ ၂၃ ရက်က ဆိုးလ်မြို့ Gwangjin-gu အရပ်က W ဟိုတယ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ SK Networks ကုမ္ပဏီက ထုတ်ဖော်သွားပါတယ်။
အဆိုပါ MOU စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တောင်ကိုရီးယား SK Networks ကုမ္ပဏီဥက္ကဌ Choi Shinwon နဲ့ ဧဒင်လုပ်ငန်းစုဥက္ကဌ ဦးချစ်ခိုင် တို့ တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံလာရောက်ခဲ့စဉ်တုန်းက ရှိထားခဲ့တဲ့ စီးပွားရေးစိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် SK Networksဥက္ကဌ Choi Shinwon ဟာ ယခုလိုမျိုး မြန်မာလုပ်ငန်းရှင်နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

သဘောတူစာချုပ်အရဆိုရင် ကုမ္ပဏီနှစ်ခုဟာ မတူညီတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားတော်တော်များများမှာ ပူးပေါင်းလုပ်ဆောင်သွားဖွယ်ရှိပြီးတော့ ယင်းတို့ထဲမှာတော့ ကိုရီးယား စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သဘာဝဓါတ်ငွေ့ဆိုင် ထိန်းသိမ်းဖွင့်လှစ်ရေးလုပ်ငန်း၊ စတီးလ်ပစ္စည်း ထုတ်လုပ်မှု တိုးမြင့်ရေး နှင့် အနာဂတ်မှာ အခြား စီးပွားရေးအခွင့်အလမ်းသစ်တွေ တိုးမြင့်ရှာဖွေနိုင်ဖို့ ဆိုင်ရာလုပ်ငန်းကိစ္စတွေ ပါဝင်နေပါတယ်။

ဧဒင်လုပ်ငန်းစုဟာဆိုရင် မြန်မာနိုင်ငံမှာ အရောင်းပိုင်းအရကြည့်ရင် ပဉ္စမမြောက် အကြီးဆုံးကုမ္ပဏီဖြစ်နေပါတယ်။ ၁၉၉၀ ပြည့်နှစ်ကဆောက်လုပ်ရေးလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပြီးတော့ နောက်ပိုင်း ဟိုတယ်၊ စမ်းအင်၊ စိုက်ပျိုးရေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံမှာလည်းဦးဆောင်ဖြန့်ချီရေးကုမ္ပဏီတစ်ခုအဖြစ် အခိုင်အမာရပ်တည်ထားနိုင်ပြီလည်းဖြစ်ပါတယ်။

ယခု နောက်ဆုံးထိုးလိုက်တဲ့ MOU အရဆိုရင် SK Networks အနေနဲ့ ဧဒင်လုပ်ငန်းစုနဲ့ မတူညီတဲ့ စီမံကိန်းမြောက်မြားစွာမှာ ပူးပေါင်းသွားမယ်လို့မျှော်လင့်ရပါတယ်။

" ၂၀၀၅ ခုနှစ်လောက်က မြန်မာနိုင်ငံကို စတီးလ်ပစ္စည်းတွေ စတင်တင်ပို့ပြီးနောက်ပိုင်း SK Networks အနေနဲ့ ၂၀၁၄ မှာ ရန်ကုန်မှာ ပထမဆုံး ရုံးခွဲကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ပုံစံချင်းတူညီတဲ့ ကုမ္ပဏီနှစ်ခုအကြား အထူးစီးပွားရေးအခွင့်အလမ်းတွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ဘက်က မျှော်လင့်ထားပါတယ်၊ အနာဂတ်မှာလည်း ကိုရီးယားနဲ့ မြန်မာအကြား ပုဂ္ဂလိကစီးပွားရေးပူးပေါင်းမှုပိုင်းမှာ အဓိကကျတဲ့အခန်ကဏ္ဍကနေ ရှိနေမယ်လို့မျှော်လင့်ထားပါတယ်" ဆိုပြီး SK Networks ဥက္ကဌ Choi Shinwon က
ပြောသွားပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment