21.7.16

ဗြိတိန်နဲ့ ဥရောပဗဟိုဘဏ်တွေရဲ့ ငွေကြေးမူဝါဒဖြေလျော့တော့မယ့် အလားအလာမြင်တွေ့နေရတဲ့အချိန် အမေရိကန်ဒေါ်လာဈေးတက်


ဗြိတိန် နဲ့ ဥရော ဗဟိုဘဏ်တို့က ငွေကြေးမူဝါဒပိုင်း ဖြေလျော့မယ့် သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဇူလိုင်လ ၁၉ ရက်က အမေရိကန်ဒေါ်လာဈေးနှုန်းဟာ ပေါင်နဲ့ ယူရိုငွေကြေးတို့နဲ့ ယှဉ်ရင် မြင့်တက်လာခဲ့ပါတယ်။


ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ မဲပေးဆုံးဖြတ်ထားခဲ့တဲ့နောက်ပိုင်း အတိုးနှုန်းလျှော့ချမှုလုပ်ဖို့အတွက်ကို ဗြိတိန်ဗဟိုဘဏ် EOB ကဆိုင်းငံ့ထားခဲ့ပါတယ်။ ယင်းနောက်သီတင်းပတ်တစ်ပတ်အကြာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၉ ရက်မှာတော့ ဗြိတိန် ဘဏ္ဍာရေး ၀န်ကြီးသစ်ဖြစ်လာတဲ့Philip Hammond က ဗဟိုဘဏ်အနေနဲ့ လက်ရှိကြုံတွေ့လာနိုင်တဲ့ရိုက်ခတ်မှုတွေကို ပြန်လည်တုန့်ပြန်လုပ်ဆောင်သွားမယ်လို့ ကြေညာသွားခဲ့တာကို တွေ့ရပါတယ်။

" ခုလိုမျိုး ရိုက်ခတ်မှုတွေကို ကနဦးအနေနဲ့ တုန့်ပြန်လုပ်ဆောင်ဖို့ကတော့ ဗဟိုဘဏ်က ငွေကြေးမူဝါဒပိုင်း ပြောင်းလဲမှုနဲ့ပဲလုပ်ရမှာဖြစ်ပါတယ်"ဆိုပြီး Hammond က ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အတိုးနှုန်းတွေ လျှော့ချမှာမဟုတ်ဘူးလို့ ဗဟိုဘဏ်ဥက္ကဌက ကြေညာထားခဲ့တာကလည်း ဘဏ်အနေနဲ့ ငွေကြေးမူဝါဒသစ်တစ်ရပ်ကို မကြာခင်စတင်လုပ်ဆောင်မယ်လို့ ပြောလိုက်တာပါပဲ" လို့ ၎င်းက ဆိုပါတယ်။

စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာ ကန်ဒေါ်လာနဲ့ ယှဉ်ရင် ၁ ဒသမ ၁ ရာခိုင်နှုန်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးတော့ တစ်ပေါင်ကို ဒေါ်လာ ၁ ဒမသ ၃၁ထိ ရှိလာခဲ့ပါတယ်။ အလားတူ ယူရိုငွေတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ဥရောပဗဟိုဘဏ်အနေနဲပ ငွေကြေးမူဝါဒပိုင်းမှာ မပြောင်းလဲဘဲ ဆက်လက်ထိန်းထားမယ်လို့ မျှော်လင့်ရသော်ငြားလည်းပဲ စက်တင်ဘာလအတွင်းမှာ မူဝါဒပိုင်းမှာ လှုံ့ဆော်မှုတွေလုပ်ဖို့ ပြင်ဆင်နေပြီလို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။


ယူရိုငွေကြေးတန်ဖိုးဟာ ကန်ဒေါ်လာ ၁ ဒသမ ၁၀၂၃ ထိ ကျဆင်းခဲ့ပြီးတော့ လေးလတာအတွင်း ယင်းရဲ့အနိမ့်ဆုံး နှုန်းထားနားကို ကပ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နဲ့ ကနေဒါ ဗဟိုဘဏ်တွေကပဲ မူဝါဒဖြေလျော့မှုပိုင်းကို ဦးတည်နေခြင်းမရှိတဲ့ဘဏ်တွေဖြစ်နေတယ်လို့ BK Asset Management က ပညာရှင် Kathy Lien က ထောက်ပြပြောဆိုပါတယ်။

" အမေရိကန်စီးပွားရေးပိုင်းမှာ စွမ်းဆောင်မှုကောင်းကောင်းပြသထားနိုင်တာ၊ တည်ငြိမ်တဲ့ ငွေကြေးမူဝါဒတွေက ရင်းနှိးမြှုပ်နှံမှုတွေကို ပိုမိုဖိတ်ခေါ်နိုင်တာ၊ ဒေါ်လာငွေကြေးကို တည်ငြိမ်စေနေတာတွေ တွေ့ရပါတယ်" လို့ သူက ပြောကြားသွားပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment