21.7.16

"ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတအိုဘားမားဖိတ်ကြား "

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတအိုဘားမား က ဖိတ်ကြားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes တို့တွေ့ဆုံရာ၌ သမ္မတအိုဘားမား၏ သမ္မတသက်တမ်းမကုန်ဆုံးမီအချိန်အတွင်း အမေရိကန်ပြည်ထောင်စုသို့လာရောက်ရန်အတွက် သမ္မတအိုဘားမား၏ ဖိတ်ကြားချက်ကို Mr. Benjamin Rhodes က တင်ပြခဲ့ခြင်းဖြစ် သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးနှင့်ဥပဒေရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးစိုးက ပြောသည်။
အဆိုပါ တွေ့ဆုံရာတွင် မြန်မာ-အမေရိကန်ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ပူးပေါင်းဆောင် ရွက်မှုများပေးနိုင်မည်ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment