27.11.15

စစ်လက်နက်ပစ္စည်းများ အမေရိကန် ရောင်းပါက အသုံးတည့်လျှင် ၀ယ်မည်ဟု တပ်ချုပ်ပြော


မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်း မွန်လာမည်ဟု ယုံကြည်ပြီး စစ် လက်နက်ပစ္စည်းများ အမေရိ ကန်ကရောင်းပါက အသုံးတည့်လျှင် ၀ယ်ယူမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၀ါရှင် တန်ပို့စ်သတင်းဌာနနှင့် အင်တာ ဗျူးတွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု က မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းဝယ်ကုန်သွယ်မှုပိတ်ပင်အ ရေးယူသည်မှာ အနှစ် ၂၀ ကျော် လာပြီဖြစ်သည်။
‘‘၈၈ ခုနှစ် နောက်ပိုင်းကျမှ သာ ကျွန်တော်တို့ ဆက်ဆံရေး အခြေအနေက အလှမ်းဝေးသွား တာပါ။ အခုအခြေအနေမှန်ပေါ် ပြန်ရောက်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ကျွန်တော်တို့ ရောက်နေပါပြီ။ နောင်ကျလို့ရှိရင် နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော်ကြား ယုံကြည် မှုအပေါ်မူတည်ပြီးတော့ ဆက်ဆံ ရေးလည်း ကောင်းလာလိမ့်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။
အမေရိကန်မှ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူလိုသည့် ဆန္ဒ ရှိသလားဟု သြဇာကြီးသော အမေရိကန်သတင်းဌာနက ဆက် လက်မေးမြန်းရာ ‘‘တိုင်းပြည်ကာ ကွယ်ရေးအတွက် လိုတာကတော့အများကြီးပါပဲ။ အမေရိကန်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေမှာ လည်း တချို့ခေတ်မီနေတဲ့ ပစ္စည်း တွေရှိပါတယ်။ ကျွန်တော်တို့လုပ် နိုင်တဲ့၊ သုံးနိုင်တဲ့ နည်းပညာက တော့ ကျွန်တော်တို့ ၀ယ်နိုင်တဲ့ ငွေကြေးပမာဏပေါ့။ အဲဒီအပေါ် မူတည်ပြီးတော့ သင့်တော်တဲ့ဟာ ကို ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အမေရိကန်က ရောင်း မယ်ဆိုလည်း ကျွန်တော်တို့ အသုံးတည့်ရင်တော့ ၀ယ်မှာပေါ့’’ဟု တပ်ချုပ်က ဖြေသည်။
အမေရိကန်နိုင်ငံ၏ မြန်မာ အပေါ် ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးမည်ဆိုလျှင် ကောင်း သည်ဟု ၎င်းက ဆက်လက်ပြော သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ် တက်လာချိန်တွင် အမေရိကန်က ပိတ်ဆို့မှုဖြေလျှော့ ပေးမည်ဆိုလျှင် အစိုးရသစ်ကို ကျေးဇူးတင်မည်လားဟု ၀ါရှင် တန်ပို့စ်က မေးမြန်းရာ မည်သူဖြစ်ဖြစ်နိုင်ငံအတွက် ကောင်းမွန် သည့် ဆက်ဆံရေးလုပ်သူမှန်သမျှ ကို ကျေးဇူးတင်မည်ဟု တပ်ချုပ် က ဖြေသည်။
တရုတ်နိုင်ငံမှ စစ်လက်နက် ပစ္စည်းများ အဓိက၀ယ်ယူအသုံး ပြုနေကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၀န်ခံ ပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့လည်း နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ် လက်နက်ပစ္စည်းတွေ လိုတဲ့အခါ ကျတော့ ရတဲ့နိုင်ငံကနေ ကျွန် တော်တို့ဝယ်ပါတယ်။ တရုတ်နိုင် ငံကတော့ အများကြီး ကျွန်တော် တို့ အပေါ်မှာ ပူးပေါင်းဆောင် ရွက်မှုတွေ အများကြီးရှိတာပေါ့’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
အနောက်အင်အားကြီးနိုင်ငံ များ၏ လက်နက်ရောင်းဝယ်မှု  ပိတ်ဆို့ခံထားရသော မြန်မာစစ် တပ်အား ဆယ်စုနှစ်များစွာတိုင် တရုတ်က ထောက်ပံ့ဖြည့်တင်းမှု လုပ်နေခဲ့ကြောင်း နိုင်ငံတကာစစ် ဘက်ဆိုင်ရာ စစ်တမ်းများက ဆက်တိုက် အစီရင်ခံလျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့်ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသောရင်းမြစ်ဖြစ်သည့် စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျုဒ့်(SIPRI)၏ စစ်တမ်းအရ ကမ္ဘာ့ အဓိကလက်နက်တင်ပို့ရောင်းချသည့် ငါးနိုင်ငံမှာ အမေ ရိကန်၊ ရုရှား၊ တရုတ်၊ ဂျာမနီနှင့် ပြင်သစ်တို့ ဖြစ်သည်။ အပြည် ပြည်ဆိုင်ရာ လက်နက်တင်ပို့ ရောင်းချသူများအနက် ကမ္ဘာ့တတိယနေရာချိတ်သော တရုတ် တွင် မြန်မာ၊ ပါကစ္စတန်နှင့် ဘင်္ဂ လားဒေ့ရှ်ဆိုသည့် အဓိကဖောက် များတွင် ၂၀၁၀- ၂၀၁၄ ကာလအတွင်း တရုတ်ရောင်းသမျှလက်နက်များထဲမှ ၁၂ ရာခိုင်နှုန်းကို မြန်မာက ဝယ်ယူခဲ့ကြောင်း SIPRI စစ်တမ်း၌ တွေ့ရသည်။
၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံတွင် ဆန္ဒထုတ်ဖော်သူများ ကို စစ်တပ်၏အကြမ်းဖက်ဖြိုခွင်း မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်များ က မြန်မာအပေါ် ပိတ်ဆို့မှုများ စတင် ဆောင်ရွက်ခဲ့သည်။ အ ကြမ်းဖက်မှုအပေါ် တုံ့ပြန်ရန် ထို အချိန်က ရေဂင် အစိုးရအဖွဲ့ကို ကွန်ဂရက်က တောင်းဆိုခဲ့သည်။ ထို့နောက် အမေရိကန်သမ္မတ ရေဂင်သည် မြန်မာနိုင်ငံရှိ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ် များ အပါအဝင် အမေရိကန်အကူ အညီအားလုံးကို ဆိုင်းငံ့လိုက်ပြီး လက်နက်ရောင်းချမှုအားလုံးကို ရပ်ပစ်ခဲ့သည်။ ယင်းနောက် ဂျော့ ရှ် အိတ်ခ်ျ ဒဗလျူဘုရှ်၊ ဘီလ်က လင်တန်၊ ဂျော့ရှ် ဒဗလျူဘုရှ် ဆို သည့် သမ္မတ အဆက်ဆက်နှင့် ကွန်ဂရက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို တုံ့ပြန်အရေးယူခြင်းအဖြစ် ၎င်းတို့၏ ပိတ်ဆို့မှုများကို တင်းကျပ်ခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန် လက် ထက် ပြုပြင်ပြောင်းလဲရေးအစပြု ပြီးနောက် ၂၀၁၂ တွင် မြန်မာအ ပေါ်စီးပွားရေးကုန်သွယ်ရေးပိတ် ဆို့မှုများကို ဖြေလျှော့ပေးခဲ့သော်လည်း လက်နက်ရောင်းချမှုကိုမူ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်သည်။
သို့သော် အမေရိကန်ပြည် ထောင်စုအနေဖြင့် မြန်မာနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး မြှင့်တင်ရန် အစီအစဉ်ရှိပြီး မြန် မာနိုင်ငံ၏ လူ့အခွင့်အရေးညွှန်း ကိန်းများတိုးတက်လာပါက လက်နက်ရောင်းချမှုပြန်စတင်ရန် စဉ်းစား မည်ဟု အမေရိကန်နိုင်ငံရေး- စစ်ရေးဗျူရို၏ကာကွယ်ရေးကုန် သွယ်မှု ထိန်းချုပ်ခြင်းဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန် ကြီး ကန်းနတ်ဟန်ဒဲလ်မန်းက IHS Jane’s အား ပြောကြားထား သည်။
 
 
Credit To >>> 7Day News

0 comments:

Post a Comment