27.11.15

ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ အထူး ကိုယ်စား လှယ် မစ္စတာ ဗီဂျေနမ်ဗီးယား လာရောက်တွေ့ဆုံ


  ယနေ့ နံနက် ၁၀နာရီအချိန် က ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ အထူး ကိုယ်စား လှယ် မစ္စတာ ဗီဂျေနမ်ဗီးယားက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ပြည်သူ့ လွှတ်တော်ဥက္ကဌ ၏ ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံ ခဲ့ကြောင်းသိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အ ထူး ကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင် နှင့် ဒေါ်အေးအေး မူ ၊ ပြည်သူ့လွှတ်တာ် ရုံးဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင်အောင်ဆွေတို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိ သည်။ အဆိုပါ တွေ့ဆုံပွဲ သည် ၁၀:၅၀မှာပြီးဆုံးခဲ့ကြောင်းသိရသည်။

Credit  To  >>>> Democracy News 

0 comments:

Post a Comment