2.5.16

မန္တလေးသို့ ကမ္ဘာလှည့်ခရီးသွားလေးသိန်းကျော် ဝင်ရောက်မည်ခန့်မှန်း


ယခုနှစ်တွင် မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသွား လေးသိန်းကျော်ဝင်ရောက်လာမည်ဟု ခန့်မှန်း ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ 
''ပြီးခဲ့တဲ့နှစ်တွေက သုံးသိန်းလောက် ခန့်မှန်းပေမယ့် အဲဒီထက်ပိုမိုဝင် ရောက်လာတာကြောင့် ဒီနှစ်မှာ လေး သိန်းလောက် ဝင်ရောက်လာမယ်လို့ ခန့်မှန်းတာပါ။ လက်ရှိဝင်ရောက်လာ တဲ့စာရင်းတွေကိုကြည့်ရင် ပိုမိုဝင် ရောက်လာတာ တွေ့ရတယ်'' ဟု ¤င်းက ပြောသည်

၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ မတ်လ အထိ ကမ္ဘာလှည့်ခရီးသွားဝင်ရောက် မှုစာရင်းများအရ ဇန်နဝါရီလတွင် ၃၅၅၁၁ ဦး၊ ဖေဖော်ဝါရီတွင် ၃၅၅၈၈ ဦး၊ မတ်လတွင် ၂၉၂၈၂ ဦး ဖြစ်၍ ယခုနှစ် ဇန်နဝါရီတွင် ၄ဝ၅၃၃ ဦး၊ ဖေဖော်ဝါရီတွင် ၃၉၁၅ဝ၊ မတ်လတွင် ၃၈၃၈၄ ဦး ဝင်ရောက်ခဲ့ရာ ကာလတူ နှိုင်းယှဉ်ချက်များအရ ဝင်ရောက်လာ မှု ပိုမိုများပြားလာသဖြင့် ယခုနှစ်တွင် လည်း လျာထားချက်ပြည့်မီနိုင်ကြောင်း ¤င်းက သုံးသပ်ပြောဆိုခဲ့သည်။

''ပြီးခဲ့တဲ့နှစ်က မြန်မာမှုပစ္စည်းတွေ အများကြီးရောင်းခဲ့ရလို့ ကမ္ဘာလှည့် ခရီးသွားများတယ်။ ဒီနှစ်မှာတော့ အဲဒီလောက် မရောင်းရဘူး။ ဒါကြောင့် ဒီနှစ်မှာ ကမ္ဘာလှည့်ခရီးသွား နည်းမယ်လို့ ထင်တယ်''ဟု ရွှေကျောင်း ကြီးတွင် မြန်မာမှုပစ္စည်းရောင်းချသူ တစ်ဦးက ပြောသည်။

မန္တလေးသို့ ဝင်ရောက်လာမှုများ တွင် တရုတ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံသားများ အများ ဆုံးဖြစ်ပြီး ပုဂံဒေသတွင် ပိုမိုဝင် ရောက်မှုရှိကြောင်း၊ ခရီးသွားလုပ်ငန်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် ခရီးစဉ်အသစ်များ ဖော်ထုတ် ပေးရန်လိုအပ်ပြီး လက်ရှိတည်ရှိသော ယဉ်ကျေးမှု၊ သဘာဝအမွေအနှစ်များ နှင့် ခရီးသွားဒေသများကို ထိန်းသိမ်း သင့်ကြောင်း သိရသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment