2.5.16

သစ်ထုတ်လုပ်မှုရပ်ဆိုင်းမည့်ကိစ္စကို အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးမှသာ ဆုံးဖြတ် သွားမည်

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည့်ကိစ္စကို အလုပ်ရုံဆွေး နွေး ပွဲကျင်းပပြီးမှသာ ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာ နညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားလိုက် သည်။

လက်ရှိအချိန်တွင် သစ်ထုတ် သင့်မထုတ်သင့်ကိစ္စများနှင့် ပတ် သက်ပြီး အငြင်းပွားမှုများဖြစ်နေမှု များနှင့်ပတ်သက်ပြီး ဒီမိုကရေစီတူဒေး သတင်းစာ၏ မေ ၁ ရက်က ဆက် သွယ်မေးမြန်းမှုအပေါ် အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာညီညီကျော်က " သစ် ထုတ် လုပ်မှုရပ်ဆိုင်းတဲ့ကိစ္စနဲ့ပတ် သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ် မယ်။ အကျေအလည်ဆွေးနွေးကြ မယ်။ ဆွေးနွေးပြီးမှသာ ဆုံးဖြတ် သွားမှာပါ" ဟု ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မေလဒုတိယပတ်အတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် တွင် သစ် ထုတ် လုပ်ရန်အတွက် ပြင်ဆင်နေချိန်ဖြစ် ပြီး သစ်တောဦးစီးဌာနမှ ဦးဆောင် ပြီး ခရိုင် ၆၈ ခုတွင် ၂၀၁၆-၂၀၂၅ ဆယ်နှစ်တာကာလ လုပ်ကိုင်ဆောင် ရွက်မည့် Management Plan ကို ရေးဆွဲခဲ့ပြီး သစ်ထုတ်လုပ်နိုင်သည့် ပမာဏကိုလည်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြည် ထောင်စုဝန်ကြီးထံ တင်ပြ ထားပြီး ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး Forest Resource Environment Development and Conservation Association ဥက္ကဋ္ဌ ဦးသန်းနွယ်က "လက်ရှိအနေ အထားအရ သစ်ထုတ် လုပ်မှုကိုရပ်ဆိုင်း သင့်တယ်လို့ထင် ပါတယ်။ အနည်းဆုံးသုံးနှစ်လောက် ပေါ့။ လက်ရှိရှိနေတဲ့သစ်တွေက သုံး နှစ်စာလောက် ရှိနေပါသေးတယ်" ဟု ပြောသည်။
ယခင်က ကျွန်းနှင့် သစ်မာတန် ချိန် ၁၅ သိန်းခန့်ထုတ်ယူခဲ့သော် လည်း ၂၀၁၄ ခုနှစ်၊ ဧပြီလမှစပြီး ကျွန်းတန်ချိန် ၆၀၀၀၀ နှင့် သစ်မာ တန်ချိန် ၆၇၀၀၀၀ ကိုသာထုတ်ယူ ခဲ့ရာ သစ်ထုတ်လုပ်မှုကို ထက်ဝက် နီးပါး လျှော့ချခဲ့ကြောင်းသိရသည်။
Credit To >>> Damocracy Today 

0 comments:

Post a Comment