1.3.14

ပုဂံဒေသတွင် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့အောင် ထိန်း သိမ်းစောင့်ရှောက် ခရီးသွား လုပ်ငန်း ပိုမိုတိုးတက်လာရေး နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်





ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့ ညနေ ၃ နာရီက ပုဂံမြို့ရှိ ဧည့်ရိပ်သာ၌ ပုဂံဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ ဆုံ ဆွေးနွေးသည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတက နိုင်ငံတော် အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သကဲ့ သို့ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရမှု၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့သည့် ပဋိပက္ခများကို လည်း ဖြေရှင်း ဆောင်ရွက်ခဲ့ရမှု၊ ပွင့်လင်းမြင်သာ သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာနိုင်သည်နှင့် အမျှ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာမှုနှင့် အတူ စီးပွားရေး အခွင့်အလမ်းများလည်း ပွင့်လန်းလာ မှုကြောင့် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာမှု၊ နိုင်ငံ့စီးပွားရေး တိုးတက်လာရန်အတွက် အထူးစီးပွားရေးဇုန်များ ထူထောင်နေမှု၊ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံ တကာ ငွေကြေး အဖွဲ့အစည်း များ၊ ဥရောပသမ ဂ္ဂနှင့် နိုင်ငံတကာ အစိုးရများက ကြွေးမြီများ ဖြေလျှော့ပေးခဲ့မှုနှင့် ပေါင်းကူးအနေဖြင့် အတိုးနှုန်းသက်သာသော ကြွေးမြီများ ထုတ်ချေး ပေးလာ မှု၊ နိုင်ငံရေး တည်ငြိမ်လာမှုနှင့်အတူ ပွင့်လင်းမြင်သာ လာမှုကြောင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာသည့် နိုင်ငံတကာမှ ခရီးသွားများ တိုးတက်များပြား လာမှုတို့ကို အကျယ်တ ဝင့် ရှင်းလင်းပြောကြားသည်။
နိုင်ငံတော် သမ္မတက ခရီးသွား လုပ်ငန်းနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေး ပြောကြားရာတွင် ခရီးသွားများ လာရောက်လည်ပတ်မှု များပြားလာစေရန် နိုင်ငံတော် အစိုးရ၊ ဟိုတယ်လုပ်ငန်း ရှင်များ အသင်းနှင့် အုပ်ချုပ်ရေး အပိုင်းတို့က ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အပိုင်းက အခြေခံ အဆောက်အအုံများ ဖြစ်သည့် ရေ၊ မီး၊ လေဆိပ်၊ လမ်း ဆက်သွယ်ရေး စနစ် စသည်တို့ကို ကောင်းမွန်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဟိုတယ်လုပ်ငန်းရှင် အသင်းအနေဖြင့် လုပ်ငန်းရှင် အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးကာ တိုးတက်အောင် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ အလားတူ ကမ္ဘာလှည့် ခရီးသည်များ လုံခြုံရေး၊ ဒေသသန့်ရှင်း သာယာလှပရေး စသည်တို့ကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ပူးပေါင်း ဆောင် ရွက်ပေးရမည် ဖြစ် ပါကြောင်း၊ ပုဂံဒေသတွင် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက် လာရေးအတွက် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ကြရန်လိုအပ် ပါကြောင်း၊ အဆိုပါ အမွေအနှစ်များ ကြောင့် ခရီးသွားများ လာရောက်ကြခြင်းပင် ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်များကိုလည်း နေရာ သတ်မှတ်၍ ဆောက်လုပ်ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊ ယခုအခါ ဟိုတယ်ဇုန် (၄) အထိ အကောင်အထည် ဖော်နေပြီဖြစ်ပြီး ဟိုတယ်ဇုန် (၅) ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရှေးဟောင်း ဘုရားပုထိုး စေတီများအနီးတွင် အဆောက်အအုံများ ရှိမနေစေရန် မြို့ပြစီမံကိန်းကို စီမံထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အစည်းအဝေးကြီးများကို လက်ခံကျင်းပပါက ဟိုတယ်ခန်း မလုံလောက်သေး သည်ကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်တွင် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၊ အာဆီယံထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေးစသည့် အစည်းအဝေး ကြီးများကို လက်ခံ ကျင်းပရမည်ဖြစ်ရာ ခရီးသွားများ ပိုမိုများပြား လာမည်ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းသည် နိုင်ငံ့ စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနေသဖြင့် ခရီးသွား လုပ်ငန်း အောင်မြင်ရန် အလွန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ခရီးသွား လုပ်ငန်းပိုမို တိုးတက်လာရေးအတွက် နိုင်ငံတော် အစိုးရ နှင့်အတူ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြမှသာ တိုင်းပြည်စီးပွားရေး တိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွား ဘဝလည်း ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်လုပ်ငန်းရှင်များက ဟိုတယ်သစ်များ ဆောက်လုပ်ရေး၊ ဆက်သွယ်မှု ကောင်းမွန်ရေး၊ ငွေကြေးကူညီ ပံ့ပိုးရေး၊ ဟိုတယ်ဝန်ဆောင်မှု ပိုမိုကောင်း မွန်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော် သမ္မတက ဆောင်ရွက် ပေးနိုင်သည့် ကိစ္စရပ်များကို ပြန်လည် ဆွေးနွေးဖြည့်ဆည်း ပေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ သို့ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ထို့နောက် ညနေ ၅ နာရီတွင် နိုင်ငံတော် သမ္မတသည် တုရင်တောင် စွယ်တော်မြတ် စေတီ၊ လောကနန္ဒာ စွယ်တော်မြတ် စေတီနှင့် ရွှေစည်းခုံ စေတီတော်တို့အား ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့် ရွှေသင်္ကန်း ကပ်လှူခဲ့သည်။ နိုင်ငံတော် သမ္မတသည် တုရင်တောင်ခြေရှိ မြကန်၏ ရေဝေရေလဲ ဒေသများ စိမ်းလန်းစိုပြည်ရေးနှင့် ကန်အတွင်း ရေသိုလှောင်မှု ကောင်းမွန်စေရေး တို့အား စနစ်တကျစီမံ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

0 comments:

Post a Comment