1.3.14

ကာတာနိုင်ငံတွင် စားသောက်ဆိုင်တခု ဂက်စ်အိုးပေါက်ကွဲ၊ ၁၂ ဦး သေဆုံး


ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တူရကီစားသောက်ဆိုင်တခု ဂက်စ်အိုးပေါက်ကွဲခဲ့လို့ ကလေး ၂ ဦးအပါအ၀င် လူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ လည်း ဒဏ်ရာရရှိခဲ့ပါတယ်။


စားသောက်ဆိုင်ပေါက်ကွဲမှုဟာ မတော်တဆ ပေါက်ကွဲမှုဖြစ်တယ်လို့ ကာတာလုံခြုံရေးတွေက ပြောဆိုခဲ့ပြီး သေဆုံးသူ ကလေး ၂ ဦးကတော့ အာရှနိုင်ငံတခုက ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စားသောက်ဆိုင်ဟာ လူစည်ကားတဲ့ နာမည်ကျော် ရှော့ပင်း စင်တာကြီးတခုနားမှာလို့ ဆိုပါတယ်။
ပြည်သူ့လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးချုပ် ဆပ်ဘင် ဂျေဆင် အယ်လ်ခလီဖီက သေဆုံး ဒဏ်ရာရသူအများစုဟာ အာရပ်နဲ့ အာရှနိုင်ငံတွေက ဖြစ်ပြီး ကာတာနိုင်ငံသားတဦးပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူနေမှု အဆင့်အတန်းအမြင့်ဆုံး နိုင်ငံတခု ဖြစ်ပါတယ်။
ကာတာနိုင်ငံရဲ့ လူဦးရေဟာ ၂ သန်းကျော်ရှိပြီး အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

DVB

0 comments:

Post a Comment