23.9.16

ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲရန်စီစဉ်မှုများကို တပ်မတော်ကရှင်းလင်း

ကရင်ပြည်နယ် မြိုင်ကြီးငူ-မဲသဝေါနယ်မြေတွင် အခြေပြုလှုပ်ရှား လျက်ရှိသော ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့ သည် တပ်မတော်စစ်ကြောင်းများနှင့် တပ်စခန်းများကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါနယ်မြေရှင်းလင်းမှုများကို စက်တင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်း တစ်လျှောက်ရှိ (KKO) ခွဲထွက်အဖွဲ့ အခြေပြုလှုပ်ရှားသည့် စခန်းအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း (၁၉) ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိသကဲ့သို့ (KKO) ခွဲထွက်အဖွဲ့မှ တပ်ရင်းမှူးအဆင့် ရှိသူ တစ်ဦးအပါအဝင် လေးဦး သေဆုံးကာ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ခုနစ်လက်၊ မော်တော်ယာဉ် နှစ်စီး၊ ထော်လာဂျီ တစ်စီး၊ ဆိုင်ကယ်လေးစီးနှင့် ကျည်မျိုးစုံ ၁၁၇၉ တောင့် သိမ်းဆည်းရမိခဲ့သည်။
(KKO) ခွဲထွက်အဖွဲ့သည် ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် တပ်မတော်စစ်ကြောင်းများအား အာရုံလွှဲရန် မြဝတီ၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများနှင့် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်း တစ်လျှောက် တိုက်ပွဲရှောင် အပြစ်မဲ့ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်စဉ် မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ရန် ဆောင်ရွက်ခဲ့ရာ မြဝတီမြို့တွင် စက်တင်ဘာ ၁၄ ရက် နှင့် ၂ဝ ရက်က လက်လုပ်မိုင်း နှစ်လုံးကို အချိန်မီ ရှင်းလင်းနိုင်ခဲ့ပြီး ဝါးဘိုးတောင်-ကျုံထော်နယ်မြေအတွင်းမှ အသက်သွင်းရန် အသင့်ဖြစ်သည့် မိုင်းမျိုးစုံ ၂၃၈ လုံး၊ မဲသဝေါပြန့် နယ်မြေအတွင်းမှ မိုင်းမျိုးစုံ ၃၇၁ လုံး၊ စုစုပေါင်း မိုင်းမျိုးစုံ ၆ဝ၉ လုံးတို့ကို ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိခဲ့သည်။
ယခုအခါ မြိုင်ကြီးငူ-မဲသဝေါကားလမ်းတစ်လျှောက် နယ်မြေတည်ငြိမ်အေးချမ်းခဲ့ပြီဖြစ်သောကြောင့် မြိုင်ကြီးငူ သို့ တိမ်းရှောင်လာခဲ့သော ဒေသခံပြည်သူများကို တပ်မတော်မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင် နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီ ပေးခြင်းနှင့် လမ်းကြောင်းတစ်လျှောက် မိုင်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တပ်မတော်ကကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment