23.9.16

" ကျုံထော်ရေတံခွန်အနီးတွင် တိုက်ပွဲပြန်ဖြစ်နေ "

မဲသဝေါဒေသ ကျုံထော်ရေတံခွန်အနီးတွင် ယနေ့(စက်တင်ဘာ ၂၃ ရက်)နံနက်မှ စ၍ တိုက်ပွဲပြန်ဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ကျုံထော်ရေတံခွန်အနီး ဒေသအခေါ် အထင်ကွေ့နေရာပတ်ဝန်းကျင်တွင်ယနေ့နနက် ၉နာရီ ခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအား လုပ်အားပေးကူညီနေသော မြိုင်ကြီးငူအထူးဒေသခံ တစ်ဦးကပြောသည်။

" ခွဲထွက်အဖွဲ့က လုံခြုံရေးယူထာူတဲ့ စခန်းကို လာပစ်တယ်ကြားတယ်။ တပ်မတော်နဲ့ BGF တက်ရှင်းနေတယ်တဲ့။ စိတ်မချရသေးဘူး" ဟု ယင်းဒေသခံကပြောသည်။

ယခုဖြစ်ပွားသော နေရာမှာ မြိုင်ကြီးငူ- မဲသဝေါကားလမ်းအနီးတွင်ဖြစ်ပြီး အရပ်ဖက်ကယ်ဆယ်ရေးကားများ ရွာများအတွင်း ဝင်ရောက်နေသောကြောင့် စိတ်ပူနေရကြောင်း ဒေသခံ စောကြည်ဝင်းကပြောသည်။

မြိုင်ကြီးငူ- မဲသဝေါကားလမ်းတစ်လျှောက်မှ ခွဲထွက်အဖွဲ့၏ စခန်းများကို ရှင်းလင်းထားပြီးဖြစ်ကြောင်း တပ်မတော်က စက်တင်ဘာလ ၂၂ရက် တွင် သတင်းထုတ်ပြန်ထားသည်။ သို့သော် မဲသဝေါဒေသမှ ကျေးရွာအချို့တွင် တိုက်ပွဲဆက်လက်ဖြစ်နေပြီး ကျေးရွာသုံးရွာမှ အိမ်ထောင်စု ၈၀ခန့်က ကယ်ဆယ်ရေးစခန်းသို့ စက်တင်ဘာ ၂၂ရက်ညက ရောက်ရှိလာကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရးအဖွဲ့မှ သတင်းရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment