23.9.16

အကြီးစားကျောက်မျက်တူးဖော်မှုကို ခွင့်မပြုတော့သည့် ကျောက်မျက်ဥပဒေကြမ်း လွှတ်တော်တင်

၁၀ နှစ်အထိ တူး ဖော်ခွင့်ပြုထားသည့် အကြီးစား ကျောက်မျက်တူးဖော်မှုကို ခွင့် မပြုတော့သည့် မြန်မာ့ကျောက် မျက်ရတနာဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း အား လက်ခံဆွေးနွေးရန် အမျိုး သားလွှတ်တော်က စက်တင်ဘာ ၂၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

  အဆိုပါ ဥပဒေကြမ်းတွင် မူလဥပဒေ၌ ပါရှိသော အကြီး စားကျောက်မျက်တူးဖော်ထုတ် လုပ်မှုပုဒ်မကို ပယ်ဖျက်ပစ်လိုက် ခြင်းဖြစ်သည်။ ထိုသို့ ပယ်ဖျက် လိုက်ခြင်းမှာ ဆိုးကျိုးများဖြစ်ပေါ် သည့်အပြင် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမှ ကာကွယ်ရန်နှင့်တိုင်းရင်းသားများ ပိုမိုလုပ်ကိုင်ခွင့်ရရှိစေရန်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီက ကျိုး ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မူလက ငါးနှစ်အ ထိ ခွင့်ပြုထားသည့် အလတ်စား တူးဖော်ထုတ်လုပ်မှုကိုလည်း သုံး နှစ်သို့ လျှော့ချလိုက်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင် လိုသော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းအား ရောင်းချနိုင်သည့် စာရင်းမှ ကျောက်မျက်ရတနာအ ရိုင်း ရောင်းချခြင်းကို ဥပဒေကြမ်း တွင် ပယ်ဖျက်ထားသည်။
ပြည်ပရတနာကုန်သည်များ အား မိမိအစီအစဉ်ဖြင့် ဖိတ်ခေါ် ရောင်းချခြင်းကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ရောင်းချ ရန် အသစ်ဖြည့်စွက်ထားသည်။ ထို့အပြင် အသစ်ဖြည့်စွက်ချက် များအနေဖြင့် ကျောက်မျက် ရတနာထွက်ရှိရာဒေသများတွင် ကျောက်မျက်ရတနာအရောင်းအ ဝယ်ပြုလုပ်ရာ နေရာများအား ကျောက်မျက်ဈေးအဖြစ် သတ် မှတ်ပေးရန် ဖြည့်စွက်ထားသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေးအဖွဲ့လက် ထက် ၁၉၉၅ က ပြဋ္ဌာန်းခဲ့ပြီး နှစ် ကြိမ်ပြင်ဆင်ခဲ့သည်။ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကိုအမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟက အမျိုးသားလွှတ်တော်သို့ စက်တင်ဘာ ၂၂ ရက်တွင် တင်သွင်းခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment