19.9.16

အမေရိကန်ဒေါ်လာဈေးတက်နေချိန် ရေနံဈေးကျဆင်း

အမေရိကန်ဒေါ်လာဈေးဟာ နိုင်ငံတကာငွေကြေးဈေးနှုန်းမှာ သောကြာနေ့မှာသိသိသာသာတိုးတက်သွားပါတယ်။
အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းအနည်းငယ်တက်လာတာနဲ့ နောက်တစ်ပတ်မှာအမေရိကန်နိုင်ငံနဲ့ဂျပန်နိုင်ငံ တို့ဟာ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီပြောင်းလဲမှုတွေ ပြုလုပ်တော့မှာကြောင့်အခုလို မြင့်တက်လာရတာဖြစ်တယ်လို့ယူဆရပါတယ်။
ဗြိတိန်နိုင်ငံ ရဲ့ ပေါင်ငွေကြေးကတော့ အမေရိကန်ဒေါ် လာ နှုန်းထားနဲ့ယှဉ်ရင် သိသိသာသာ လျော့နည်းနေပါတယ်။ နောက်တစ်ပတ်ထဲမှာလည်းဗြိတိန်ဟာ ဥရောကသမဂ္ဂကနေထွက်မယ့်ကိစ္စအတွက် တွေ့ဆုံမှုတွေရှိနေတာကြောင့်လည်းဖြစ်ပါတယ်။
သောကြာနေ့ညနေဈေးအရဆိုရင် ၁ ယူရိုကို အမေရိကန်ဒေါ်လာ ၁ဒသမ၁၁၅၆ ရှိပြီးတော့ ကြာသပတေးနေ့က ၁ဒသမ ၁၂၄၄ ရှိခဲ့တာဖြစ်ပါတယ်။ပေါင်ငွေကတော့ ၁ပေါင်ကို အမေရိကန်ဒေါ်လာ ၁ဒသမ၃ ရှိခဲ့ပါတယ်။ ယန်းနဲ့ဒေါ်လာလဲလှယ်နှုန်းမှာတော့ ၁ ဒေါ်လာကို ၁၀၂ ဒသမ ၁၀ ရှိနေပါတယ်။
လတ်တလော ကမ္ဘာ့ရေနံဈေးကွက်မှာတော့ လာမယ့်လတွေမှာဖြစ်ပေါ်မယ့်ဈေးကွက်အခြေအနေတွေကို ကြိုတင်ခန့်မှန်းသုံးသတ်မှုတွေက မကောင်းခဲ့လို့ဈေးနှုန်းတွေကျဆင်းနေပါတယ်။ စက်တင်ဘာ ၂၆ ကနေ ၂၈ ပဲရစ်မြို့အခြေစိုက်နိုင်ငံတကာစွမ်းအင်အေဂျင်စီ International Energy Agency (IEA) က ပြီးခဲ့တဲ့ အင်္ဂါနေ့က ရေနံဈေးကွက်မှာ ရေနံထုတ်လုပ်မှုများပြားနေပေမယ့် ရေနံဝယ်လိုအားကတော့ကျဆင်းနေတယ်လို့ ထုတ်ပြန်ခဲ့ပြီးအခုလို ကျဆင်းနေတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကရေနံစိမ်း နဲ့ ရေနံထုတ်ကုန်တွေ ကိုဝယ်ယူဆုဆောင်းနေတာနဲ့လစ်ဘယားနိုင်ငံက လာမယ့်အပတ်ကပြီး ရေနံထုတ်လုပ်မှုရောတင်ပို့မှုကိုပါတိုးမြှင့်မယ်ဆိုတဲ့အကြောင်းအရာတွေက ရေနံဈေးနှုန်းကျဆင်းခြင်းကို ပိုမိုဖြစ်စေတာဖြစ်ပါတယ်။
သောကြာနေ့ဈေးနှုန်းအရ နိုဝင်ဘာလမှာ ရောက်ရှိမယ့် European benchmark Brent North ရေနံစိမ်း ဟာတစ်စညကို ၄၅ ဒသမ ၇၇ ရှိပြီး ၊အောက်တိုဘာလမှာရောက်ရှိမယ့် West Texas Intermediate (WTI) ကတော့ တစ်စည်ကို ၄၃ ဒသမ ၀၄ ရှိနေပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment