19.9.16

အမေရိကန် Treasury ဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ဆန်ရှင်ရုပ်သိမ်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ် ထုတ်ပြန်ကြေငှာ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရန် ရည်ရွယ်ထားသည်ဟု သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာပြီး ဖြစ်ရာ ထိုဆုံးဖြတ်ချက် တရားဝင် သက်ရောက်စေရန် ၁၉၉၇ တွင် ထိုစဉ်က သမ္မတ ကလင်တန်၏ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုအမိန့်ကို ပယ်ဖျက်သည့် အမိန့်သစ်အား သမ္မတ အိုဘားမားက ထုတ်ပြန်ရမည်ဖြစ်သည်။
ထိုအမိန့်သစ် အသက်ဝင် အတည်ဖြစ်လာပါက အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ၏ မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှု စည်းမျဉ်းများကို ပယ်ဖျက်ပြီး ဖြစ်စေမည်ဖြစ်သည်။ OFAC သည် ဖက်ဒရယ်စည်းမျဉ်း စည်းကမ်းဥပဒေမှ မြန်မာနိုင်ငံ ပိတ်ဆို့ အရေးယူမှု စည်းမျဉ်းများကို တရားဝင် ဖယ်ရှားကာ အခြားအစိုးရ ဌာနများကလည်း သက်ဆိုင်ရာ လိုအပ်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ အခြားဌာနနှင့် အေဂျင်စီများက လိုအပ်သည့် ပြောင်းလဲမှုများ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ကြေညာမည်ဖြစ်သည် ဟု ဖော်ပြထားသည်။
Credit To >>> The Ladies News

0 comments:

Post a Comment