19.9.16

အမှိုက်များဖြင့်တည်ဆောက်ပြီးနေစွမ်းအင်ဖြင့် အနွေးဓာတ်ပေးသောစာသင်ကျောင်းကို ဥရုဂွေးတွင် ဖွင့်လှစ်

လူဦးရေ ၅၀၀ ခန့်နေထိုင် သော ဥရုဂွေးနိုင်ငံ ဂျူရီဂူဘယ်ရီမြို့ ကလေးတွင် စွန့်ပစ်ပစ္စည်းအမှိုက် များဖြင့် တည်ဆောက်ပြီး နေစွမ်း အင်ဖြင့်သာ အနွေးဓာတ်ပေးသော စာသင်ကျောင်းတစ်ကျောင်းကို စတင် ဖွင့်လှစ်အသုံးပြုနေပြီဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် င်္ဗဏ သတင်း တွင် ဖော်ပြပါရှိသည်။
မော်တော်ကား တာယာအ ဟောင်း ၂၀၀၀၊ ဖန်ပုလင်း ၃၀၀၀၊ ပလတ်စတစ်ပုလင်း ၁၅၀၀ နှင့် အ ချိုရည်/ဘီယာသံဘူး ၁၂၀၀ တို့ကို သစ်သား၊ မှန်၊ ဘိလပ်မြေတို့ဖြင့် ပေါင်းစပ်ကာ စာသင်ကျောင်းတစ် ကျောင်းအဖြစ် အခိုင်အခံ့တည် ဆောက်ထားခြင်းဖြစ်သည်။ ကျောင်း သားဦးရေ ၁၀၀ ခန့်ကို လက်ခံသင် ကြားပေးနိုင်ရန် ကျယ်ဝန်းသည်။

ဆောင်းရာသီ နံနက်ခင်းများ တွင် ဂျူရီဂူဘယ်ရီမြို့ကလေး၏ အ ပူချိန်မှာ ၇ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အထိ အေးခဲသည်။ သို့သော် စာသင်ကျောင်းအတွင်း၌ ၂၀ ဒီဂရီ စင်တီဂရိတ်အထိ အနွေးဓာတ်ပေး ထားနိုင်သည်။ ခေါင်မိုးပေါ်ရှိ ဆို လာပြားမှရရှိသော လျှပ်စစ်ဓာတ် အားဖြင့် အနွေးဓာတ်ပေးထားခြင်း ဖြစ်သည်။ အစိုးရထံမှ လျှပ်စစ်မီး လုံးဝမယူဘဲ နေစွမ်းအင်ကိုသာ အ ပြည့်အ၀အသုံးချသည်။

ကျောင်းခေါင်မိုး တံစက်မြိတ် တွင် ရေတံလျှောက်ပြုလုပ်ပြီး မိုး ရေများကို စုဆောင်းထားသည်။ ဥယျာဉ်စိုက်ခင်းနှင့် အိမ်သာတို့တွင် အသုံးပြုနိုင်ရန်ဖြစ်သည်။ ကျောင်း သား ၃၉ ဦးကို တစ်ပတ်လျှင်တစ် ခါ ဥယျာဉ်စိုက်ခင်းအား ပြုစုပျိုး ထောင်စေသည်။ ရရှိလာသော ဟင်း သီးဟင်းရွက်နှင့် သစ်သီးဝလံများကို ၎င်းင်းတို့အား ပြန်ကျွေးသည်။အသက် (၇၀)ရှိပြီးဖြစ်သော အမေရိကန် ဗိသုကာပညာရှင် မိုက် ကယ်ရေးနိုးစ်က ဒေသခံအလှူရှင် များ၏ငွေဖြင့် ထိုစာသင်ကျောင်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ခန့် ကုန်ကျခဲ့သည်ဟု သိရသည်။

Credit To >>> Democracy Today

0 comments:

Post a Comment