21.9.16

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတင်သွင်းမည့် မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်ကတောင်းဆို

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ တင်သွင်းမည့် မြန်မာနိုင်ငံနှင့်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်က တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်အား စက်တင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။

လက်ရှိတွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဥရောပ သမဂ္ဂ -EU က ဆက်လက် မတင်သွင်းဖို့ ဆုံးဖြတ်လိုက်သည့် အပေါ် စိုးရိမ်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာအပေါ် ဆုံးဖြတ်ချက်များ ဆက်လက် ချမှတ်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်က ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဆောင်ဖို့ မြန်မာနိုငငံကို အကြံပြုတိုက်တွန်းထားသည့် အချက်ပေါင်း ၁၇ချက် ထဲမှ ရွေးကောက်ပွဲနိုင်သည့် အစိုးရအား အာဏာချောမွေ့စွာ လွှဲပေးရေး အချက်တစ်ချက်သာ ပြည့်မီအောင် လုပ်နိုင်သေးကြောင်း ဆိုထားသည်။
ယခု NLD အစိုးရဦးဆောင်သည့် အရပ်သားအစိုးရ လက်ထပ်တွင် ရခိုင်ပြည်နယ်အရေး ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်တခု ဖွဲ့စည်းနိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါ ကော်မရှင်အနေဖြင့် အကြံပြုချက်သာပေးရပြီး အဆိုပါအကြံပြုချက်များအပေါ် လက်ခံခြင်း၊ လက်မခံခြင်းဆိုသည်မှာ မြန်မာအစိုးရပေါ်တွင်သာ မူတည်ကြောင်း ဆိုထားသည်။
ဆက်လက်ပြီး လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သည် အကျဉ်းထောင်ထဲတွင် ရှိနေသေးသည့်အတွက် လူ့အခွင့်အရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ ဆက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြပါရှိသည်။
နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကော်မတီ အစည်းအဝေးတွေမှာ အီးယူ ဥရောပ သမဂ္ဂက ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို တင်သွင်းဆွေးနွေးလေ့ရှိသည်။
ယခုနှစ်တွင် မြန်မာအပေါ်ဆုံးဖြတ်ချက်တွေ ဆက်မချမှတ်ပါက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်အောင် ကြိုးပမ်းအားထုတ်မှုတွေကို အားလျော့စေလိမ့်မယ်လို့ ဥရောပ မြန်မာကွန်ရက်က ဝေဖန် ထောက်ပြထားကြောင်း တွေ့ရသည်။
ထိုကဲ့သို့ မလုပ်ဆောင်ခြင်းသည် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စစ်တပ်အနေဖြင့် ကျူးလွန်ဖို့ အခွင့်အရေးပေးသကဲ့သို့ ဖြစ်စေနိုင်မည်ဖြစ်ကြောင်းဆိုသည်။ ဒီမိုကရေစီကျသည့် မြန်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ကိစ္စအား အတား အဆီးဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါကြေညာချက်အား ဥရောပ-မြန်မာကွန်ရက် အဖွဲ့ထဲမှာ ယူကေ၊ ပြင်သစ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့ ၉ ဖွဲ့ဖြစ်သည့် Action Birmanie(ဘယ်ဂျီယံ)၊Association Suisse-Birmanie၊ Burma Action Ireland၊ Burma Campaign UK၊ Burmese Rohigya Organisation UK၊ Christian Solidarity Worldwide၊ Info Birmanie(France) ၊ Swedish Burma Committee နှင့် US Campaign for Burma တို့ဖြစ်ကြောင်း သိရသည်။

Credit To >>> The Ladies News

0 comments:

Post a Comment