21.9.16

မြန်မာ့အသေးစားစီးပွားရေးလုပ်ငန်းများသို့ ငွေချေးနိုင်ရန် ကန်ဒေါ်လာ ၁၀ သန်းကျော် အမေရိကန် ပံ့ပိုးကူညီမည်


မြန်မာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့်စီးပွားရေးလုပ်ငန်းများအားလုံး ပါဝင်ပြီး ဖွံ့ဖြိုးလာစေရန်ရည်ရွယ် ချက်ဖြင့် အမေရိကန်မှချေးငွေအာ မခံအစီအစဉ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကို အသေး စားချေးငွေအသင်းအဖွဲ့ငါးဖွဲ့သို့ ပေး အပ်ခဲ့သည့်သဘောတူညီချက်လက် မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက် က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး တွင် ပြုလုပ်ခဲ့သည်။အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံအမတ်ကြီးScotMarciel ၊ USAID မစ်ရှင်ဒါ ရိုက်တာ TeresaMcGhie နှင့်အသေးစားချေးငွေအသင်းအဖွဲ့(Microfinance Institutions) ငါးဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိ ကန်သမ္မတတို့တွေ့ဆုံအပြီး စက်တင် ဘာ ၁၄ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ သည့်ပူးတွဲကြေညာချက်၌
မြန်မာ နိုင်ငံမှအသေးစားစီးပွားရေးလုပ် ငန်းများသို့ ငွေချေးနိုင်ရန် အမေရိ ကန်ဒေါ်လာ ၁၀ သန်းကျော်ပံ့ပိုးမည့် ချေးငွေအာမခံချက်ပါဝင်ခဲ့ပြီး အ ဆိုပါစီမံချက်ကို ၂၀၁၆ ခုနှစ် စက် တင်ဘာ ၂၀ ရက်မှစတင်မည်ဖြစ် ကာ ခုနစ်နှစ်ကြာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း သိ ရသည်။အမေရိကန်၏ချေးငွေအာမခံ အစီအစဉ်ပေးအပ်ခြင်းခံရသည့်
မြန်မာနိုင်ငံမှ ချေးငွေအသင်းအဖွဲ့ ငါးဖွဲ့မှာ ASA Micro-Finance (Myanmar) Limited, LOLC Myanmar Micro-Finance Company Limited, Myanmar Development Partners Company Limited, Pact Global Micro Finance Fund နှင့် Proximity Design တို့ဖြစ်ကြသည်။

""မြန်မာနိုင်ငံမှာအသေးစား စီးပွားရေးလုပ်ငန်းတွေကြီးထွားလာ ဖို့ အကန့်အသတ်တွေရှိနေတာကို တွေ့ရပါတယ်။ တရားဝင်ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းတွေကို လက် လှမ်းမီတဲ့သူက ၂၀ ရာခိုင်နှုန်းထက် မပိုပါဘူး။ ပြည်သူအများစုဟာ မိ သားစုရဲ့စုငွေ သို့မဟုတ် တရားမ ၀င်ငွေချေးသူများဆီကယူလို့ ငွေကြေး ကုန်ကျမှုများပါတယ်။
USAIDရဲ့ ချေးငွေအာမခံအစီအစဉ်ကတော့ ငွေကြေးဆိုင်ရာကွာဟချက်ကိုဖြည့် နိုင်ဖို့ ပြည်တွင်းပုဂ္ဂလိကအရင်းအ နှီးများကို လက်တွဲခေါ်ယူနိုင်ပြီး ဖြစ် လာတဲ့ပြဿနာအပေါ် မျှဝေတာဝန် ယူတဲ့ သဘောတူညီချက်တွေနဲ့ ဆောင် ရွက်သွားမှာပါ။ ချေးငွေကိုလက်လှမ်း မီအောင်လုပ်ပေးခြင်း၊ ချေးငွေကို ပိုမိုကောင်းမွန်သော သတ်မှတ်ချက် နဲ့ပေးတာတွေကြောင့် ရင်းနှီးမြှုပ်နှံ မှုတွေ၊ အလုပ်အကိုင်ဖန်တီးမှုတွေ၊ စီးပွားရေးကြီးထွားမှုနှုန်းတွေ တိုး တက်လာနိုင်ပါတယ်""ဟု လက်မှတ် ရေးထိုးပွဲကို ကြီးကြပ်ပေးခဲ့သူ အမေ ရိကန်သံအမတ် Scot Marciel က ပြောကြားသွားခဲ့သည်။

လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ ငွေချေးသူ ၅၀၀၀ ကျော်ကို အကူအညီပေးနိုင် မည်ဖြစ်ပြီး အမျိုးသမီးများပိုင်ဆိုင် သောလုပ်ငန်းအများစုကို အဓိက ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊အ မြင့်ဆုံးချေးငွေအမေရိကန်ဒေါ်လာ ၅၀၀၀ အထိချေးယူနိုင်မည်ဖြစ်ရာ လက်ရှိချေးပေးနေသာ ပျမ်းမျှပမာဏ ဒေါ်လာ ၂၀၀ နှင့်နှိုင်းယှဉ်ပါက များပြားသည့် ပမာဏဖြစ်ကြောင်း၊ အဆိုပါချေးငွေဖြင့် စီးပွားရေးလုပ် ငန်းများကို ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဆောင်သွားနိုင်
မည်ဖြစ်ကြောင်း လည်းသိရသည်။

ချေးငွေအာမခံ ချက်သည် လယ်ယာစိုက်ပျိုးရေး၊ မွေး မြူရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ် ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများအ ပါအ၀င် စိုက်ပျိုးရေးကဏ္ဍတွင် လုပ် ကိုင်နေသည့် အသေးဆုံးလုပ်ငန်း များ၊ အသေးစားနှင့် အလတ်စားစီး ပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား သွားမည်ဖြစ်သည်။ချေးငွေအာမခံအစီအစဉ်တွင် နည်းပညာအကူအညီများလည်း ပါ ၀င်ရာ အသေးစားချေးငွေအဖွဲ့များ ကိုသာမက အစိုးရကိုလည်းတာဝန် ယူမှုရှိပြီး ထိရောက်သောငွေချေးမှု ဖြစ်စေရန် အကူအညီများပေးသွား ရန်စီစဉ်ထားကြောင်းလည်း သိရှိရ သည်။
Credit To >>> Democracy Today

0 comments:

Post a Comment