21.9.16

အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေဟုဆို

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ခြင်းကို ဖြေရှင်းပေးနိုင်ရန်မှာ အငှားအိမ်ရာ တည်ဆောက်ပေးရန် ဖြစ်သော်လည်း အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ သိရသည်။
 
ရန်ကုန်တွင် အငှားအိမ်ရာ အရေအတွက် အမြောက်အမြား တည်ဆောက်ရန်အတွက် အစိုးရမှ အမြတ်ရရှိရန် နှေးကွေးသောကြောင့် အခက်အခဲများရှိသည်ဟု ဆိုသည်။
 
ယင်းသို့ကြောင့် အစိုးရအနေဖြင့် အငှားအိမ်ရာများ ဖော်ဆောင်ပေးရန် အခက်အခဲရှိသောကြောင့် ပြည်သူလူထုမှ ဘဏ်ချေးငွေ အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အိမ်ရာစီမံကိန်းများကို ၀ယ်ယူနိုင်ရန် စီမံပေးသင့်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတစ်ဝန်း ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း တစ်သိန်းရှစ် သောင်းခန့် အစိုးရသစ်လက်ထက်၌ တည်ဆောက်နိုင်ရန် စီစဉ်ထားရာ
လက်ရှိ ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရန် မြေဧက ၂၃၀ ကျော် ရရှိထားကြောင်း သိရသည်။
 
ဆက်လက်၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မှ အိမ်ရာဝယ်ယူလိုသူများအတွက် နှစ်ရှည် ဘဏ်ချေးငွေဖြင့် ၀ယ်ယူခွင့်ရရှိနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိပြီး ၀ယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် Housing Saving Account ဖွင့်လှစ်ရန် လိုအပ်သည်ဟု ဆိုသည်။
 
ရန်ကုန်မြို့တွင် ခန့်မှန်းခြေ ၄ သိန်းနှင့် ၆ သိန်းကြား လူဦးရေတို့မှာ အစိုးရမြေ၊ ပုဂ္ဂလိကမြေပေါ်တွင် ကျူးကျော်နေသည့် နေရေး အခက်အခဲ ရှိနေသူများ ဖြစ်ကြောင်း သိရသည်။
 

Credit To >>> The Ladies News

0 comments:

Post a Comment