19.9.16

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်သင်္ဘော တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ


ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများပြားသည့် ရှေးဟောင်း အယုဒ္ဒယမြို့တွင် ထိုင်းနိုင်ငံသာ မူစလင်လူမျိုး ၁၅၀ ခန့် စီးနင်းလိုက်ပါလာသော လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မြောက်ဘက် ၄၃ မိုင်အကွာတွင်တည်ရှိသော ယူနက်စကိုအမွေအနှစ်အဖြစ် အယုဒ္ဓယမြို့ရှိ ချောင်ဖယားမြစ်တွင် အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ အနည်းဆုံး ၃၇ ဦးဒဏ်ရာရရှိခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရပြီး ကယ်ဆယ်ရေးသမားများက ညဘက်အချိန်အထိ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေလျှက်ရှိသည်။ သေဆုံးသူများထဲတွင် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၄ ဦး နှင့် ကလေးငယ် တစ်ဦးပါဝင်ကြောင်း အယုဒ္ဓယ ခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး ရေးဝက်ပရာဆွန်က ပြောသည်။
Credit To >>> Democracy Today 

0 comments:

Post a Comment