16.9.16

မြန်မာတွင် အမေရိကန်မှ တိုက်ရိုက်နှင့် တစ်ဆင့်ခံ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ

အမေရိကန်နိုင်ငံကမြန် မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုနှင့် တစ်ဆင့်ခံရင်းနှီးမြှုပ်နှံမှု တို့၌ အမေရိကန်ဒေါ်လာ နှစ် ဘီလီယံကျော်ရှိနေပြီး စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းပါက အမေရိကန်နိုင်ငံ၏ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပိုမို များပြားလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အမေရိကန်နိုင်ငံက တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ၎ ဒသမ ၆၅၁ သန်းရှိပြီး အမေရိကန်နိုင်ငံက အခြားနိုင်ငံကို တစ်ဆင့်ခံ၍ ၀င်ရောက်လုပ်ကိုင်နေသည်မှာ နှစ်ဘီလီယံရှိကြောင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏စာရင်းများကို ဦးအောင်နိုင်ဦးက ကိုးကား ပြောကြားသည်။

‘‘လုပ်ငန်းရှင်တွေက အရင် ကတည်းက လာချင်တယ်။ ဆန် ရှင်ရှိနေလို့ စောင့်ကြည့်နေကြ တာ။ အခု တကယ်ဆန်ရှင်လွတ် တော့မှာဖြစ်တဲ့အတွက် အမေရိ ကန် ရင်းနှီးမြှုပ်နှံမှုက ပိုပြီးသိသိ သာသာဝင်လာမယ်’’ ဟုဦးအောင် နိုင်ဦးက စက်တင်ဘာ ၁၅ ရက် တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

လက်ရှိ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံတွင် လာရောက်ရင်း နှီးမြှုပ်နှံမှုများသည် အနည်းငယ် သာရှိသေးပြီး တိုက်ရိုက် ၀င် ရောက် ရင်းနှီးမြှုပ်နှံခြင်းထက် အခြားနိုင်ငံတစ်ခုခုသို့ တစ်ဆင့်ခံ ကာဝင် ရောက်ရင်းနှီးမြှုပ်နှံသူက ပိုမိုများပြားသည်ဟု ၎င်းကဆို သည်။တိုက်ရိုက်လာရောက်ရင်း နှီးမြှုပ်နှံမှုနည်းပါးရခြင်းမှာ အမေ ရိကန်ဒေါ်လာ အသုံးပြုပြီး ဘဏ် များမှ တစ်ဆင့် ငွေလွှဲရာတွင် အခက်အခဲများ ရှိသောကြောင့် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးကပြောသည်။

အထူးသဖြင့် စင်ကာပူနိုင်ငံ တွင် ကုမ္ပဏီရုံးခွဲဖွင့်ပြီး မြန်မာ နိုင်ငံ၌ လာရောက် လုပ်ကိုင်ရ သည်မှာ များပြားကြောင်း ၎င်းက ဆိုသည်။

စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့မှု ပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ပြီးနောက် အမေရိကန်စီးပွားရေး လုပ်ငန်းစုများ၏ ရင်းနှီးမြှုပ်နှံမှုများက အခြားနိုင်ငံများထက် ကျော်လွန်လာနိုင်ကြောင်း ရန်ကုန်မြို့တွင်အခြေစိုက်ပြီးနိုင်ငံတကာ ဥပဒေလုပ်ငန်း အတိုင်ပင်ခံ ကုမ္ပဏီတစ်ခု Baker & MaKenzie က စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment