16.9.16

ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ အခွင့်အရေးတန်းတူ ပေးမည်ဟုဆို

အရပ်သားအစိုးရလက် ထက်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ် နှံကြမည့်၊ စီးပွားရေးလုပ်ကိုင်မည့် နိုင်ငံသား၊ နိုင်ငံခြားသားလုပ်ငန်း ရှင်များအား အခွင့်အရေးတန်းတူ ပေးရန် စီစဉ်ထားကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

ပြည်တွင်းသို့ အသစ် ၀င် ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများ ကို နိုင်ငံခြားသား၊ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုဟူ၍ မခွဲခြားဘဲ အခွန်သက်သာခွင့်ကဲ့သို့သော အခွင့်အရေးများကို တန်းတူထားပေးမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို မကြာမီပြဋ္ဌာန်းမည်ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။
‘‘အစိုးရရဲ့ ရည်မှန်းချက်ကို နားလည်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အ များကြီးဝင်လာမယ်လို့ မျှော်မှန်း ထားပါတယ်’’ဟု ဦးကျော်ဝင်းက ပြောသည်။
ယခင်အစိုးရ  လက်ထက် ၂၀၁၂ က ပြဋ္ဌာန်းသော ဥပဒေ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား  ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ လုပ် ငန်းအတွက် တင်သွင်းလာသည့် လုပ်ငန်းသုံး ပစ္စည်းများကို ကုန် သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် များ ပေးထားသည်။
သို့သော် ပြည်တွင်းလုပ်ငန်း ရှင်များအနေဖြင့် အဆိုပါ အခွင့် အရေးများမရရှိခြင်းကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကိုယခင်အစိုးရက ပူးပေါင်းပြင်ဆင် ရန် စီစဉ်ခဲ့သည်။
ယင်းဥပဒေနှစ်ခုကို ပူးပေါင်းထားသည့် ဥပဒေကြမ်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး အများပြည်သူ လေ့လာနိုင်ရန် စက်တင်ဘာ ၁၂ ရက်ကစတင်ပြီး နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်း ကြေညာခဲ့ သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများအ ပါအ၀င် နိုင်ငံ့စီးပွားရေးပိုမိုဖွံ့ဖြိုး လာစေရန် စီးပွားရေး မူဝါဒ ၁၂ ချက်ကို အကောင်အထည်ဖော် မည့် လုပ်ငန်းစဉ်များကို ယခုလအ တွင်း ထုတ်ပြန်ကြေညာမည်ဟု ၎င်းကပြောသည်။
ဇူလိုင် ၂၉ ရက်တွင် ထုတ် ပြန်ခဲ့သော အစိုးရသစ်၏ စီးပွား ရေး မူဝါဒ ၁၂ ချက်သည် ယေဘုယျဆန်သည်ဟု လုပ်ငန်းရှင်အသိုင်း အ၀ိုင်းက ဝေဖန်ခဲ့သည်။
ထိုသို့ ဝေဖန်မှုနှင့်ပတ်သက် ၍ အစိုးရအဖွဲ့ဝင်ပြည်ထောင်စု ၀န်ကြီးတစ်ဦးအနေဖြင့် သိရှိနားလည်ခြင်းကြောင့် အနာဂတ်စီးပွားရေးအတွက် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိကျ သေချာသည့် ဆောင်ရွက်ချက်များ ကို အများပြည်သူသိရှိရန် တရားဝင်ထုတ်ပြန်ပေးမည်ဟု ဦးကျော်ဝင်းက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment