15.9.16

အစိုးရက ရွှေကြွေးကျန်ကုမ္ပဏီတွေကို တရားစွဲဆိုအရေးယူနေ

နိုင်ငံတော်သို့ ပေးသွင်းဖို့ ရွှေစင်များ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကိုတရားစွဲဆိုမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက သိရပါတယ်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနဲ့ ရွှေအသေးစားထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတော်သို့ရွှေစင်များ ပေးသွင်းဖို့ ဖြစ်ပေါ်နေတဲ့ ကုမ္ပဏီ ၃ ခုကို တရားစွဲဆို ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ကုမ္ပဏီ ၃ ခုမှ ရွှေစင် ၁၆၂ ဒသမ ၂၁ ကျပ်သား ကျန်ရှိခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၄ ခု၊ မန္တလေးတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၁ ခု ၊ စုစုပေါင်း ကုမ္ပဏီ ၅ ခုကိုလည်း နိုင်ငံတော်သို့ ရွှေစင် ပေးသွင်းဖို့ ကျန်ရှိနေတဲ့အတွက် တရားစွဲဆို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီ ၅ ခုက ရွှေစင် ၅၇၇ ဒသမ ၇၆ ကျပ်သားပေးသွင်းဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။
အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနဲ့ ထုတ်လုပ်မှုအပ်ါခွဲဝေခံစားတဲ့ စနစ်နဲ့ ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြတဲ့ ကုမ္ပဏီများမှ လုပ်ငန်းသဘောတူ စာချုပ်အရ နိုင်ငံတော်သို့ ရွှေစင်များပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီတွေကို တရားစွဲဆို အရေးယူလျက်ရှိတာ ဖြစ်ပါတယ်။
ရွှေကြွေးကျန် ကုမ္ပဏီများအနက် တချို့ ကုမ္ပဏီများမှာဌာနသို့ ဆက်သွယ်ပြီး တချို့တ၀က်ပေးသွင်းကာဆက်လက်ပေးသွင်းဖို့လည်း ၀န်ခံကတိပြုဆောင်ရွက်မှုများရှိပါတယ်။ တချို့ ကုမ္ပဏီများမှာ လာရောက်ဆက်သွယ်ကာစာရင်းရှင်းဆောင်ရွက်မှုမရှိခဲ့ပါဘူး။အဆိုပါကုမ္ပဏီတွေကို ဆက်လက်တရားစွဲဆိုအရေးယူသွားမှာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment