15.9.16

ရခိုင်ကော်မရှင်ကို အသိအမှတ်မပြုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ ရခိုင်အပါအ၀င် တိုင်းရင်းသား၊ နိုင်ငံသားများ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်၍ ကော်မရှင်၏ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များအားလုံးကို အသိအမှတ်မပြုသင့်ကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။


စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ် တော် အထူးအစည်းအဝေး ဒုတိယ နေ့တွင် ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ထောက် ခံဆွေးနွေးခဲ့ကြပြီးနောက် ကန့် ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမြသန်းက ပြောသည်။

ယင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် စက်တင်ဘာ ၁၂ ရက်က စစ်တွေ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးကျော်ဇောဦးက တင် သွင်းခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့က ထောက်ခံဆွေးနွေး ခဲ့ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ နေရာရှိပြီး ရခိုင်အမျိုးသားပါ တီက ၂၃ ဦး၊ ပြည်ခိုင်ဖြိုးပါတီက သုံးဦး၊ ဒီချုပ်ပါတီက ကိုးဦး၊ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ၁၂ ဦးရှိသည်။ လွှတ်တော်ဥက္ကဋ္ဌမှာ ရခိုင်အမျိုးသားပါတီမှ ဦးစံကျော်လှဖြစ်သည်။

‘‘ကိုဖီအာနန်ကော်မရှင်ရဲ့ ဖွဲ့စည်းဖြစ်တည်မှုနဲ့ လုပ်ဆောင် ချက်တွေအားလုံးကို အသိအမှတ် မပြုသင့်ကြောင်းအဆိုကို အတည် ပြုလိုက်တဲ့အတွက် ရခိုင်ပြည်နယ် လွှတ်တော်က ကော်မရှင်ကိုအသိ အမှတ် မပြုဖြစ်သွားပါတယ်။ သူ တို့(ကော်မရှင်အဖွဲ့)လာလို့ရှိရင် လည်း ပြည်နယ်လွှတ်တော်က ပူး ပေါင်းဆောင်ရွက်တာတွေ မလုပ် တော့ဘူး။ သူတို့လုပ်ဆောင်ချက် တွေကိုလည်း အသိအမှတ်မပြု တော့ပါဘူး’’ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမြသန်းက ဆိုသည်။

စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်တွေမြို့သို့ရောက် ရှိခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌမစ္စ တာကိုဖီအာနန်သည် နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်က ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကသာ ဖော်ဆောင်ရမည်ဖြစ်ပြီး ကော်မရှင်အနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အကြံဉာဏ်များ ဖြည့်ဆည်းပေးရန်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော်မရှင်ကို ပြည်ပမှပညာ ရှင် သုံးဦးနှင့် မြန်မာနိုင်ငံမှ ခြောက်ဦးစုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ ပြီး ကော်မရှင်မှာ ၁၂ လအတွင်း အစီရင်ခံစာရေးသားပြုစုရမည် ဖြစ်ကာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သည်။

သို့သော် အဆိုပါ ရခိုင်ပြည် နယ်ဆိုင်ရာ ကော်မရှင်နှင့်ပတ် သက်၍ ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာပထမပတ်က ရခိုင် အမျိုးသားပါတီမှ ပေါက်တောမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဇံက ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်ကို နိုင်ငံသားများဖြင့် ပြင်ဆင် ဖွဲ့စည်းရန် အရေးကြီးအဆိုတင် သွင်းခဲ့ပြီး လွှတ်တော်၌ဆွေးနွေး ဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။

လက်ရှိအာဏာရပါတီဒီချုပ် ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကအဆိုကို ပြည်နယ်လွှတ်တော်တွင် တင်သွင်းခွင့်မရှိတော့ ကြောင်း ပြောကြားခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment