15.9.16

အမေရိကန် ဗဟိုဘဏ်ရဲ့အတိုးနှုန်းတိုးမတိုးဆုံးဖြတ်တော့မယ့်အချိန် ဒေါ်လာဈေး အားကောင်းနေလျက်ရှိ

အမေရိကန် ငွေကြေးဒေါ်လာဈေးနှုန်းဟာ ငွေလဲလှယ်မှုဈေးကွက်မှာအားကောင်းနေပါတယ်။ လာမယ့်သီတင်းပတ် အတိုးနှုန်း မူဝါဒ သုံးသပ်မယ့် အစည်းအဝေးတစ်ခု အမေရိကန် ဗဟိုဘဏ်က တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး
ဈေးကွက်ထဲမှာ စောင့်ဆိုင်းမျှော်လင့်မှုတွေ ရှိနေလျက်ရှိပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ ယူရိုငွေတန်ဖိုးဟာ ဒေါ်လာနဲ့ ယှဉ်ရင် ဒေါ်လာ ၁ ဒသမ၁၂၁၇ ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်က တစ်ယူရိုကို ဒေါ်လာ ၁ ဒသမ၁၂၃၄ ကနေ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ယန်းငွေကြေးလဲလှယ်မှုပိုင်းမျာတော့ တစ်ဒေါ်လာကို ယန်း ၁၀၂ ဒသမ၅၉ နဲ့ ယခင်နေ့က ၁၀၁ ဒသမ ၈၅ ထက် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
အလားတူ စတာလင်ပေါင်တန်ဖိုးဟာလည်း တစ်ပေါင်ကို ဒေါ်လာ ၁ ဒသမ၃၁၉၆ ရှိခဲ့ပြီး ယခင်နေ့က ဒေါ်လာ ၁ ဒသမ ၃၃၃၆ ထက် ကျဆင်းခဲ့ပါတယ်။အမေရိကန် ဗဟိုဘဏ်အနေနဲ့ လာမယ့် စက်တင်ဘာ ၂၀ ရက်မှာနှစ်ရက်တာအစည်းအဝေးတစ်ခုကို စတင်ကျင်းပသွားဖို့ရှိနေပြီး လက်ရှိအတိုးနှုန်း တိုးမြှင့်ရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင်တွေအကြား သဘောကွဲလွဲမှုတွေ ရှိနေလျက်ရှိပါတယ်။
မကြာမီရက်ပိုင်းအတွင်း ထွက်ပေါ်လာတော့မယ့် အမေရိကန်စီးပွားရေးအချက်အလက်တွေကလည်း နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်၏ မဝေးလှတဲ့အလားအလာပိုင်းကို ရှင်းလင်းသေချာသွားစေနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Wells Fargo မှ ပညာရှင် Erik Nelson က ဆိုပါတယ်။" လာမယ့်အပတ် အမေရိကန်စီးပွားရေးအချက်အလက်တစ်ချို့နဲပအတူဗဟိုဘဏ်အစည်းအဝေး ရလဒ်တွေက လာမယ့်သီတင်းပတ်တွေအတွင်းဒေါ်လာငွေအလားအလာပိုင်းအပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်" လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment