15.9.16

မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းလာသော်လည်း မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသေး

မွန် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပမှ စီးပွား ရေးလုပ်ငန်းရှင်များ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံ မှုများရှိခဲ့သော်လည်း ယနေ့အချိန်အ ထိ မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင် ခွင့်မပြုသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနထံမှ သိရှိရသည်။
"ကျွန်တော်တို့အစိုးရအဖွဲ့ကို လာတွေ့တဲ့ အဖွဲ့အစည်းတွေကအ မျိုးမျိုးသောခေါင်းစဉ်တွေနဲ့ လာတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ် သက်ပြီး လာတွေ့တာရှိသလို တခြား ကိစ္စနဲ့လည်းလာတွေ့တယ်။ ဒီနေ့ဒီချိန် အထိတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် ပြီး ခွင့်ပြုတာမရှိသေးဘူး" ဟု မွန်ပြည် နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန် ကြီး ဦးထွန်းဌေးက ပြောသည်။
အစိုးရသစ်စတက်သည့် ဧပြီလ မှ စက်တင်ဘာလအတွင်း မွန်ပြည် နယ်အစိုးရအဖွဲ့ထံ လာရောက်တွေ့ ဆုံသည့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ထိရှိခဲ့ပြီး ပြည်တွင်း၊ ပြည်ပရင်း နှီးမြှုပ်နှံမှုအဖွဲ့များသာမက အကူအညီ ပေးရေးအဖွဲ့များ၊ ထောက်ပံ့ရေးအဖွဲ့ များ၊ နိုင်ငံတ ကာချေးငွေပေးရေး အဖွဲ့အစည်းများ၊ NGO ၊ INGO အဖွဲ့ များလည်း လာရောက်တွေ့ဆုံမှုများ ရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်သို့ ၀င်ရောက်လာ သည့် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံး ဖြတ်ချက်တစ်ခုတည်းဖြင့် ဆုံးဖြတ်မည် မဟုတ်သည့်အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်အပါ အ၀င် ပြည် ထောင်စု အစိုးရထံ တင်ပြ၍လုပ်ထုံး လုပ်နည်းများနှင့် အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်နယ်အဆင့် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့် ပြုသည့် မူဘောင်ရေးဆွဲလျက်ရှိပြီး ရေးဆွဲပြီးပါက မွန်ပြည်နယ်စီမံကိန်း နှင့် စီပွားရေးကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ကာ ပြည်နယ်အတွက် အ ကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
"မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ ဘယ်သူတွေလာ တွေ့ တယ်ဆိုတာတင်တယ်။ ဘာတွေ ဆွေးနွေးလဲဆိုတာ ပြည်သူကို ချပြ တာမရှိ ဘူး။ အစိုးရအနေနဲ့ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလာရင် ပြည် သူကိုချပြပါ။ ပြည်သူတွေရဲ့ အကြံပြု ချက်ကိုနားထောင်ပါ။ ဒါမှသာပြည် နယ်အတွက် အကျိုးရှိ တဲ့ စီမံကိန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ပြည်သူတွေ နဲ့ အဆင်ပြေမှာဖြစ်တယ်။ ပြည်နယ် အစိုးရကိုပြောချင်တာက ပြည် သူတွေ အတွက် လုပ်ပေးသင့်တာလုပ်ပေးပါ၊ လုပ်ပေးတဲ့နေရာမှာ မမှားရအောင် စုပေါင်းဆုံးဖြတ်ကြမယ် " ဟု မွန်ပြည် နယ် ကုန်သည်နှင့် စက်မှု အသင်း ဥက္ကဋ္ဌ ဦးလှရှိန်က ပြောသည်။
မွန်ပြည်နယ်အနေဖြင့် ကြီးမား သည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူများအ တွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ကို ပေးနိုင်စွမ်းမရှိသဖြင့် လုပ်ငန်းရှင် များအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိသော လျှပ်စစ်ဓာတ် အားကို ကိုယ်ပိုင်စနစ်ဖြင့်ထုတ်လုပ်ရန် လိုအပ်မည့်အချက်ကိုထည့်စဉ်းစားရမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
"ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော် တို့ပြည်နယ်ကို ၀င်ရောက်လာတာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အခု လက်ရှိကျွန်တော်တို့ မွန်ပြည်နယ်မှာ ရင်ဆိုင်နေရ တဲ့ MCL ဘိလပ်မြေစက် ရုံကနေလိုအပ်တဲ့ လျှပ်စစ်ကိုကျောက် မီးသွေးကယူမယ်။ ဒီကိစ္စအခုပြဿ နာ ဖြစ်ေ န တယ်။ နောက်ထပ် ရင်းနှီးမြှုပ် နှံ လိုသူတွေ ဒီလိုမျိုးမဖြစ်အောင်နမူနာ ယူသင့်ပါတယ်။ ပြည်နယ် အစိုး ရအ နေနဲ့လည်း ဘယ်ရင်းနှီးမြှုပ်နှံမှုပဲလာ လာ လုပ်ခွင့်ပြုမယ်ဆိုရင် လျှပ်စစ် ဘယ်ကရယူမလဲဆိုတာကို အရင်စူး စမ်းလေ့လာပြီးမှ ပတ်ဝန်းကျင် ထိခိုက် မှုမရှိတဲ့ လျှပ်စစ်ရယူနည်းပါမှသာ လုပ်ငန်းကို ခွင့်ပြုသင့်ပါတယ် " ဟု မွန်ပြည်နယ်ဒေသခံ ဦးတင်သန်းက ပြောသည်။

Credit To >>> Democracy Today

0 comments:

Post a Comment