15.9.16

ကမ္ဘာတစ်ဝန်း ယခုနှစ်အတွင်း တိုက်ခတ်သော မုန်တိုင်းများအနက် အင်အားအကြီးဆုံးဖြစ်ဖွယ်ရှိသည့် ဆူပါတိုင်ဖုန်း မီရန်တီ တရုတ်(တိုင်ပေ)တွင် တိုက်ခတ်


ဆူပါတိုင်ဖုန်းမီရန်တီသည် စက်တင် ဘာ ၁၄ ရက်က တရုတ်(တိုင်ပေ)တွင် တိုက်ခတ်ခဲ့ရာ လူနေအိမ်ခြေ ငါးသိန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး လူငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဆူပါ တိုင်ဖုန်းသည် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ တိုက်ခတ်သော မုန်တိုင်းများအနက် အင်အားအကြီးမားဆုံး ဖြစ်ဖွယ်ရှိကြောင်း ယနေ့ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ပြင်းအား အဆင့်-၅ သတ်မှတ်ထားသည့် တိုင်ဖုန်းမုန်တိုင်းသည် တရုတ် (တိုင်ပေ)တောင်ပိုင်းနှင့်အရှေ့ပိုင်း ဒေသတို့ရှိ ကောက်စွမ်းနှင့် ဟွာလီ ယန်အပါအဝင် မြို့ကြီးအချို့ကို ခြိမ်းခြောက်နေကြောင်း၊ မုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နှင့် ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်နိုင် ကြောင်း တရုတ်(တိုင်ပေ)ဗဟိုမိုးလေ ဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

တိုင်ဖုန်းမုန်တိုင်း မီရန်တီသည် တရုတ်(တိုင်ပေ)ကျွန်းနှင့် နီးကပ်လာချိန်တွင် အင်အားပိုမိုပြင်းထန်လာပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၂၇ ကီလိုမီတာ(၁၄၁ မိုင်) အထိရှိကာ တိုင်ပေကျွန်း တောင်ပိုင်းတွင် ပြင်းပြင်းထန်ထန်တိုက်ခတ်မည် ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။

အင်အားပြင်းစွာ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ကြီးမား နိုင်ကြောင်း အရေးပေါ်လုပ်ငန်းများဆိုင်ရာဌာန ပြောရေးဆိုခွင့်ရှိသူ လီဝေဆန်က ပြောကြားသည်။

မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးခြင်းကိုမူ ရှောင်လွှဲ ရနိုင်မည်မဟုတ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် လူအများ သေကျေပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းလျက်ရှိကြောင်း တရုတ် (တိုင်ပေ)တောင်ပိုင်း ကောက်စွမ်းမြို့၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှု ဒဏ်ကို ရဲရင့်စွာရင်ဆိုင်နေသည့် တိုင်ပေကယ်ဆယ်ရေးလုပ်သား တစ်ဦးက ပြောကြားသည်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် ကောက်စွမ်းနှင့် အခြားမြို့များမှ ရထားနှင့်ရေကြောင်း ခရီးစဉ်များကို ရပ်ဆိုင်းထားရပြီး စာသင်ကျောင်းများ နှင့် ရုံးဌာနများလည်း ပိတ်ထားရသည်။ လူပေါင်း ၁၅ဝဝဝ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အရေးပေါ်လုပ်ငန်းဌာနက ပြောကြားသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment