28.9.16

အမေရိက ကGSP(အထူးကုန်သွယ်မှုကင်းလွတ်ခွင့်)ပြန်ပေးလိုက် တာကြောင့် ထုတ်ကုန် ၅,၀၀၀ နီးပါး အမေရိက ကို အခွန်လွတ်တင်ပို့ခွင့်ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလစက်တင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်နေ့အထိ အမေရိကန်ကို တရားဝင်သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း သူမဟာ သမ္မတ ဘားရတ်အိုဘားမား၊ အစိုးရအဖွဲ့အကြီးအကဲတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ နယူးယောက်မြို့မှာ ၇၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံအစည်းအဝေးကိုပါ တက်ရောက်ခဲ့ပြီး မူဝါဒရေးရာမိန့်ခွန်းတစ်ရပ်ပါ ပြောကြားခဲ့ပါတယ်။
အလားတူ နျူကလီးယားစမ်းသပ်မှု တားဆီးရေးစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုလည်း ပါဝင်တက်ရောက်ခဲ့ပြီး Asia Society ကစီစဉ်ကျင်းပတဲ့အခမ်းအနားတစ်ခုမှာပါ တက်ရောက်စကားပြောဆိုသွားခဲ့ပါသေးတယ်။
အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးအပြီးမှာတော့အထူးအခွန်အကောက် သွင်းကုန်ထုတ်ကုန်စနစ်တစ်ခုဖြစ်တဲ့ GSP ကိုပါမြန်မာနိုင်ငံကို ပြန်လည်ခွင့်ပြုပေးဖို့ အမေရိကန်ဘက်က လုပ်ဆောင်ခဲ့ပြီးပြီဖြစ်ပါတယ်။
ယင်း GSP ပရိုဂရမ်ဟာဆိုရှု ယခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာပြန်လည်ရရှိမှာဖြစ်ပြီးတော့ ယင်းကနေတဆင့် နိုင်ငံကနေ ထုတ်ကုန်၅,၀၀၀ နီးပါး အမေရိကန်ကို အခွန်လွတ် တင်ပို့ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ်က အလုပ်သမားအခွင့်အရေးပိုင်း စိုးရိမ်ပူပန်မှုတွေကြောင့် မြန်မာနိုင်ငံအတွက် ယင်း GSP စနစ်ကို အမေရိကန်ဘက်ကရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ယင်း GSP ပြန်ရဖို့ မြန်မာဘက်က စတင် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဘက်တွေ့ဆုံမှု အပြီးမှာဆိုရင် အိုဘားမားက အမေရိကန်အနေနဲ့ မြန်မအပေါ် ချမှတ်ထားတဲ့ ကျန်ရှိ ဆန်ရှင်တွေအားလုံးကို ရုတ်သိမ်းပေးသွားဖေို့ ပြင်ဆင်ထားကြောင်း၊ မကြာခင် ရုတ်သိမ်းမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အလားတူ national emergency နဲ့ မြန်မာဆန်ရှင်အရေး အုပ်ချုပ်ရေးဘက်က အမိန့်အော်ဒါ အခြေပြု လုပ်ဆောင်မှုမူဘောင်ကိုပါ ရုတ်သိမ်းရပ်ဆိုင်းပေးသွားခဲ့ပါတယ်။
ယင်းလုပ်ဆောင်ချက်တွေဟာ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပိုင်း တိုးတက်မှုတွေပေါ်မှာ ၀ါရှင်တန်ရဲ့ အသိအမှတ်ပြုမှုကို ကိုယ်စားပြုနေတယ်လို့လည်း သိရပါတယ်။အမေရိကန်အနေနဲ့ မြန်မာရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေပေါ်မှာပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးထားပြီးဖြစ်သလို နိုင်ငံတွင်းမှာနေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးချင်းနဲ့သက်ဆိုင်တဲ့ငွေကြေးလွှဲပြောင်းမှုတွေကိုပါ လုပ်ဆောင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။အာလားတူ နိုင်ငံပိုင်လုပ်ငန်းတွေခုနစ်ခုနဲ့ ဘဏ်သုံးခုကိုလည်းBlacklist စာရင်းကနေ ဖယ်ရှားပေးထားခဲ့ပါတယ်။
ယခုနှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် သြဂုတ်လအထိ အမေရိကန်ဘက်ကမြန်မာနိုင်ငံနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်း ၁၇ ခု ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးဒေါ်လာ ၂၄၈ ဒသမ ၂၁၆ သန်း ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အရပ်သားအစိုးရတစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးပြန်လည်တည်ထောင်ထားပြီးဖြစ်ပါတယ်။ ယမန်နှစ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကတော့ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၉၆ဒသမ ၉၀၂ သန်း ရှိခဲ့ပေမယ့် တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းပါးနေသေးတယ်လို့သိရပါတယ်။

Credit To >>>> SFJ Strategy First Journal 

0 comments:

Post a Comment