28.9.16

အာရှဒေသရဲ့ဦးဆောင်ခရီးသွားလုပ်ငန်းကုမ္ပဏီ HG Travel က လုပ်ငန်းတွေ တိုးချဲ့ဖို့ ပြင်ဆင်လာ

အရှေ့တောင်အာရှဒေသရဲ့ ဦးဆောင်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ HG Travel ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ယင်းရဲ့ ရုံးခွဲမှာ အုပ်ချုပ်မှုဒါရိုက်တာသစ်တစ်ဦးကို ခန့်အပ်လိုက်ပြီဖြစ်ပြီးတော့ နိုင်ငံမှာယင်းရဲ့ လုပ်ငန်းတည်ရှိမှုကို ချဲ့ထွင်ဖို့ ပြင်ဆင်လာပြီဖြစ်ပါတယ်။ 

ခရီးသွားတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေမယ့်ခရီးစဉ်တွေ စတင်ဝန်ဆောင်မှုပေးဖို့ပါ စီစဉ်လာတာဖြစ်ပါတယ်။HG Travel ဟာဆိုရင် ခရီးစဉ် ရေးဆွဲစီမံမှု အာရှဒေသရဲ့ဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်တွေပိုင်းမှာ အဓိကအလေးထားလုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ယင်းရဲ့ ရုံးခွဲတွေကိုလည်း ဖွင့်လှစ်ထားပြီး ခရီးသွားလုပ်ငန်းကျွမ်းကျင်ဝန်ထမ်းတွေနဲ့ လုပ်ကိုင်နေလျက်ရှိပါတယ်။
မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာပေါ်က အလားအလာအကောင်းဆုံးသော ခရီးသွားနေရာတွေထဲက တစ်ခုအပါအ၀င် ဖြစ်နေလျက်ရှိပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ Gerben Bloemendaal ရဲ့ ဦးဆောင်မှုအောက်မှာတော့ HG Travel Myanmar လုပ်ငန်းခွဲအနေနဲ့ လာမယ့်နိုဝင်ဘာ ၇ ရက်နဲ့ ၉ ရက်အထိ လန်ဒန်မှာကျင်းပမယ့် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲမှာ ယင်းရဲ့ ထူးခြားတဲ့ ခရီးစဉ်အစီအစဉ်တွေကို ဖော်ထုတ်ပြသပေးသွားဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ဒက်ခ်ျနိုင်ငံသား Mr Bloemendaal ဟာဆိုရင်လည်း အရှေ့တောင်အာရှခရီးသွားလုပ်ငန်းထဲမှာ အတွေ့အကြုံ ၁၅ နှစ်အထိ ရှိထားသူဖြစ်ပါတယ်။
" ခုလို မြန်မာနိုင်ငံမှာ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်ခန့်အပ်ခံရလို့ အရမ်းဝမ်းသာမိပါတယ်၊ ဆက်လက်ပြီးတော့လည်း ဒီနိုင်ငံမှာ တစ်မူထူးခြားတဲံ ခရီးသွားအစီအစဉ်တွေ လုပ်ဆောင်ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားပါမယ်" လို့လည်း ၎င်းက ပြောသွားပါတယ်။
" ဗြိတိန်မှာဆိုရင် ဒီအရှေ့တောင်အာရှဒေသ ၊အထူးသဖြင့် မြန်မာနိုင်ငံဆီကိုပေါ့ သွားရောက်လည်ပတ်လိုသူတွေများပါတယ်၊ အဲဒီဒေသဟာဆိုရင် ကျွန်တော်တို့အတွက် တိုးတက်မှုနှုန်းမြန်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ဘက်က ပးတဲ့ဝန်ဆောင်မှုအတွေ့အကြုံကောင်းတွေကိုလည်းခရီးသွားပြည်သူတွေ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့လည်း HG Travel UK ကိုယ်စားလှယ် Yaow Butwisake Yok က ပြောသွားပါတယ်။

Credit To>>> SFJ Strategy First Journal 

0 comments:

Post a Comment