26.9.16

ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ စွမ်းအားပြည့်လေ့ကျင့်နိုင်ပါမှ ပြည်ပရန် ကာကွယ်နိုင်မည်ဟု တပ်ချုပ်ပြော


ပြည်ပအန္တရာယ်ကာ ကွယ်နိုင်ရန်နှင့် တပ်မတော်အနေ ဖြင့် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် ခန်းများကို စွမ်းအားပြည့်လေ့ကျင့် နိုင်မှသာ အခြားနိုင်ငံတပ်မတော် များနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

တပ်မတော် (ကြည်း၊ လေ) အမြောက်နှင့် သံချပ်ကာပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်မှုကို မိတ္ထီ လာမြို့နယ် မုန်တိုင်ဒေသတွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ် ပြီး ပြည်ပရန်ကာကွယ်ရန် အဓိကရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း တပ်မတော်အဆင့်မြင့် အရာရှိများက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ‘‘တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့၊ အထူးသဖြင့် ပြည် ပရန်အန္တရာယ်ကို ကာကွယ်ဖို့ဆို လို့ရှိရင် ဒီလိုပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းတွေကို စွမ်းအား ပြည့်လေ့ကျင့်နိုင်မှသာ သမားရိုး ကျစစ်ကို ဆင်နွှဲရာမှာ တခြားနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက ရှိ တဲ့တပ်မတော်တွေနဲ့ ရင်ပေါင် တန်းနိုင်မှာဖြစ်ပါတယ်’’ဟု ပြော သည်။
ဒုတိယ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်စန်း မြင့်က ‘‘နိုင်ငံတကာ ဆက်ဆံရေး မှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာ မရှိပါဘူး။ ထာဝ ရအကျိုးစီးပွားပဲ ရှိပါတယ်။ အဲဒီ တော့ မိမိရဲ့ နိုင်ငံရဲ့ အကျိုးစီးပွား ကို ထိပါးလာလို့ရှိရင်၊ မိမိနိုင်ငံ အကျိုးစီးပွားကို ပျက်ပြားအောင် လုပ်လာလို့ရှိရင် အဲဒီအတွက် ကျွန်တော်တို့က ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန် တော်တို့ ဒီလေ့ကျင့်ခန်းမှာ ပုံဖော် ထားတာတော့ အသူရာနိုင်ငံပေါ့။ အသူရာနိုင်ငံ တစ်ခုကနေပြီး တော့ မိတ္ထီလာလွင်ပြင်ကို ဒီနေရာကလည်းပဲ အရင်တုန်းက ဒုတိယ ကမ္ဘာစစ်တုန်းက တင့် တိုက်ပွဲတွေအများကြီးဖြစ်ခဲ့တဲ့နေရာပါ။ ဒီ နေရာကို အသူရာတပ်မတော် တစ်ခုကနေပြီး လေကြောင်းချီပြီး ဝင်ရောက်လာတယ် ဆိုတဲ့ အခြေအနေမျိုးနဲ့ ဖြစ်စဉ်မျိုး ဒီဟာကို ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ် ပါတယ်’’ဟု ပြောသည်။
ဧက ၇၀,၀၀၀ ကျော် ကျယ်ဝန်းသော မုန်တိုင်ဒေသတွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော စစ်ဆင်ရေးလေ့ကျင့်မှု၌ စစ်လေ ယာဉ် ၃၅ စီး၊ သံချပ်ကာကားများ အပါအဝင် တပ်မတော်စစ်ယန္တ ရားအစီးရေ ၅၀ ကျော်၊ အ မြောက် (၁)ဗျူဟာ၊ သံချပ်ကာ (၁)ဗျူဟာ၊ လေကြောင်းရန်ကာ ကွယ်ရေးတပ်ဖွဲ့နှင့် အခြားတပ် ဖွဲ့များလည်း ပါဝင်ကြောင်း ပြည် သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း က ပြောသည်။
စစ်ရေးလေ့ကျင့်မှုတွင် ရန် သူ့စခန်းဟု သတ်မှတ်ထားသော နေရာ ခုနစ်ခုကို မြေပြင်မှရော လေကြောင်းမှပါ လက်နက်မျိုးစုံ ဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခတ်လေ့ကျင့်ပြီး တပ်မ တော်သားအင်အား ၄,၀၀၀ ကျော် ပါဝင်ခဲ့သည်။
မိနစ်ပိုင်းအတွင်း တည် ဆောက်သည့် ယန္တရားတံတား တပ်ဆင်ပုံနှင့် ယင်းတံတားကို သံ ချပ်ကာယာဉ်ကြီးများက ဖြတ်၍ ရန်သူ့စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခြင်းကိုလည်း လက်တွေ့လေ့ ကျင့်ပြသခဲ့သည်။ ရှေ့တန်းစစ် မြေပြင်သို့ လေယာဉ်ဖြင့် အ မြောက်ချပေးခြင်း၊ ရိက္ခာချပေး ခြင်း၊ ဒဏ်ရာရ စစ်သည်အား ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ဆေးကုသခြင်းတို့ကိုလည်း ပြသ ခဲ့သည်။
စစ်ဆင်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော လက်နက်ခဲယမ်း အများစုမှာ တပ်မတော်မှ ထုတ် လုပ်ခြင်းဖြစ်ပြီး ကုန်ကျစရိတ် လတ်တလော လျာထားချက်ရှိ ကာ အတိအကျကို တွက်ချက်ရ ဦးမည်ဖြစ်ကြောင်း သတင်း ထောက်များက စစ်ရေးလေ့ကျင့် မှုအတွက် ကုန်ကျစရိတ်ကို မေး မြန်းရာတွင် တပ်မတော်အရာရှိ များက ပြောသည်။
Credit To >>>  7 Day Daily

0 comments:

Post a Comment