26.9.16

BRT ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာများကို အောက်တိုဘာမှာ ရောင်းချမယ်

ရန်ကုန်မြို့တွင်း BRT Lite ဘတ်စ်ကားများ ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ(Yangon Bus Public
Company) က အစုရှယ်ယာများရောင်းချဖို့ အတွက် ယနေ့မှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) ရဲ့ အစုရှယ်ယာ တစ်စုကို ကျပ်တစ်သိန်း သတ်မှတ်ထားပြီး
ဝယ်ယူလိုသူအနေနဲ့ အစုရှယ်ယာ ၁ စုမှ ၁၀၀၀ စုအထိ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ ၄ ရက်
စတင်ပြီး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့နေပြည်သူများ နေ့စဉ် ၂ ဒသမ ၅ သန်း ၀န်းကျင်ကဘတ်စ်ကားကို မှီခိုအားထားနေတဲ့အတွက် အစိုးရအနေနဲ့ ပိုမို ကောင်းမွန်တဲ့ ဘတ်ကားစနစ်ပေါ်ထွက်ရေးအတွက် ရန်ကုန်ဘတ်စကားအများပိုင် ကုမ္ပဏီကို အစိုးရက
ဦးဆောင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဘတ်စကားအများပိုင်ကုမ္ပဏီရဲ့ စုစုပေါင်းထည့်ဝင် အရင်းအနှီးမှာ ၂၅ ဘီလီယံ ကျပ်ဖြစ်ပြီး အစိုးရက ၁၀ ဘီလီယံ၊ပုဂ္ဂလိကမှ ၂၅ ဘီလီယံ ပါဝင်မှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းကို အစိုးရက ပါဝင်ခြင်းဖြစ်ပြီး၆၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကမှ ပါဝင်ခြင်းဖြစ်ပါတယ်။
အစိုးရမှ အစု ၁၀၀,၀၀၀ အတွက် ရင်းနှီးငွေ ကျပ် ၁၀ ဘီလီယံ ထည့်ဝင်ပြီး ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ၆ ဦးက တစ်ဦးချင်းအစု ၅၀၀၀ စုစီအတွက်ကျပ် ၃ ဘီလီယံ ထည့်ဝင်ပြီး ဖြစ်ပါတယ်။
အများပြည်သူသို့ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနဲ့ရောင်းချခဲ့ရာမှာ ရှယ်ယာရှင် ၁၁၁၄ ဦးက အစုရှယ်ယာပေါင်း၂၄၂၆၄ စု ကို ၀ယ်ယူထားပြီး ဖြစ်ပါတယ်။
အစုရှယ်ယာရောင်းချခြင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါမှာဆက်လက်ရောင်းချသွားမှာ ဖြစ်ပါတယ်။ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC)အနေနဲ့ ၂ နှစ်အတွင်း Stock Listed ကုမ္ပဏီပြုလုပ်ရန် အစီအစဉ်မရှိသေးဘဲ Security Exchange Law အရ Securityကုမ္ပဏီ ၃ ခု ပေါင်းပြီး Over The Counter တည်ထောင်ပြီးပါကအဆိုပါ Over The Counter မှာ တင်ပြီးရောင်းချသွားမယ်လို့ သိရပါတယ်။
အစုရှယ်ယာများအတွက် ဘဏ်သို့ ငွေပေးသွင်းခြင်းကို အမှတ် ၁၃၁/၁၃၃ ၊ ပထမထပ် (၀ဲ)၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရုံးမှာ One Stop Service နဲ့ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) က ကြေညာထားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment