26.9.16

ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်

မြန်မာနိုင်ငံသို့ ပြည် ၀င်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေ လျှော့မှုများ နှစ်ပတ်အတွင်း အ တည်ပြုထုတ်ပြန်နိုင်မည်ဟု အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗီဇာကြေးပြင်ဆင်သတ်မှတ်ခြင်း၊ နေခွင့်ကာလတိုးမြှင့်ခြင်း၊ ဗီဇာ လျှောက်ထားရာတွင် လိုအပ် သည့် သတ်မှတ်ချက်များ ဖြေ လျှော့ခြင်းများပြုလုပ်နိုင်ရန် ဗဟို အဆင့်သို့ တင်ပြထားပြီးဖြစ်ကာ အတည်ပြုဆုံးဖြတ်ရန် အဆင့် သာ ကျန်တော့ကြောင်း ၎င်းက ပြောကြားသည်။

‘‘အဆုံးအဖြတ်ပေးနိုင်မယ့် လူကြီးတွေက ခရီးလွန်နေကြတဲ့ အတွက် အတည်ပြုဆုံးဖြတ်ပေး နိုင်တဲ့အဆင့် မရောက်သေးတာ ပါ။ နှစ်ပတ်အတွင်းတော့အတည် ပြုချက်ထွက်နိုင်ပါတယ်။ အ တည်ပြုချက်ရတာနဲ့ တရားဝင် ထုတ်ပြန်ပေးပါမယ်’’ဟု ဦးမြင့် ကြိုင်က ပြောသည်။


ပြင်ဆင်ဖြေလျှော့မှုပြုလုပ် ရာတွင် ဖောင်းပွနေသည့် ဗီဇာ ကြေးများကို ပြင်ဆင်မည်ဖြစ် သော်လည်း သိသိသာသာလျှော့ ချပေးခြင်းမျိုး ပြုလုပ်ပေးမည်မ ဟုတ်ဟု ဆိုသည်။

‘‘ဗီဇာကြေးက နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက တော် တော်ကို သက်သာနေတယ်ဆို တော့ အများကြီးထပ်လျှော့တာ မျိုးတော့ လုပ်မှာမဟုတ်ဘူး။ သင့်တော်တဲ့ နှုန်း သတ်မှတ်ချက် ပြုလုပ်မှာပါ။ ဘယ်လောက်ဖြစ် မယ်ဆိုတာကတော့ အခုအချိန် မှာ မသိနိုင်သေးဘူး’’ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ထို့အပြင် ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးဖြစ်သည့် လုပ်ငန်းဗီ ဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေး ဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်း များ ဗီဇာ၊ ပညာရေးဗီဇာနှင့်ယာဉ် အမှုထမ်းဗီဇာတို့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ရရှိရေးအတွက် နိုင်ငံ ခြားရေးရာ မူဝါဒကော်မတီသို့ တင်ပြထားကြောင်း သတင်းရရှိ သည်။

ထိုသို့ ပြင်ဆင်ဖြေလျှော့မှု များ ပြုလုပ်ရန် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ သဘောထားမှတ် ချက်များ၊ ပြည်ပရှိ မြန်မာသံရုံး များနှင့် နိုင်ငံခြားသံရုံးများမှ အ ကြီးအကဲများကလည်း အကြံပြုမှု များ ပြုလုပ်ခဲ့သည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment