29.9.16

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ Facebook ကတစ်ဆင့်အကျိုး အမြတ်အများကြီးရရှိတယ်လို့ Facebookရဲ့အာရှ-ပစိဖိတ်ဖွံ့ဖြိုးရေး ခေါင်းဆောင်ပြော

လက်ရှိအချိန်မှာ ကြော်ငြာလုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ
ပေးနေနိုင်တဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ရုံသာမကဘဲ အသေးစားနဲ့အလတ်စားSMEs လုပ်ငန်းတွေကိုလည်း ကုန်ကျစရိတ်ပိုင်းမှာ ကူညီလျှော့ချပေးနိုင်တယ်လို့ Facebook အမှုဆောင်တစ်ဦးကပြောကြားလိုက်ပါတယ်။
အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် လူထုနဲ့ ဆက်ဆံမှုပိုင်းမှာ ကုန်ကျရတဲ့ စရိတ်စကတွေကို ကူညီလျှော့ချပးနိုင်တယ်ဆိုပြီး Facebookရဲ့ အာရှ-ပစိဖိတ်ဖွံ့ဖြိုးရေးခေါင်းဆောင် Edel Horgan က ပြောကြားလိုက်တာဖြစ်ပါတယ်။အခုဆိုရင် ကုန်ပစ္စည်းအမှတ်တံဆိပ်တော်တော်များများဟာ Facebook messenger ကို သုံးပြီးတော့ ရောင်းအားမြင့်တမျိုး၊ ဖောက်သည်တွေနဲ့တိုးမြင့်ဆက်ဆံတာမျိုးတွေ လုပ်ဆောင်ထားနိုင်နေပြီလို့ သူမကပြောပါတယ်။
" ဒါဟာ SMEs တွေအတွက်လည်း ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုပါ၊ လောလောဆယ်အထိလည်း ကမ္ဘာတစ်ဝန်း SME လုပ်ငန်းပေါင်း သန်း၆၀ လောက် Facebook ကိုအသုံးပြုနေကြပါတယ်၊ Messenger ဟာဆိုရင် သူတို့တွေအတွက် ဖောက်သည်တွေအကြား အကောင်းဆုံးချိတ်ဆက်ပေးနေပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ တစ်ဦးနဲ့တစ်ဦးအကြား အပြန်အလှန်စကားပြောဆိုမှုတွေ လုပ်နိုင်လို့ မလိုအပ်တဲ့ကုန်ကျစရိတ်တွေကို လျော့ကျသွားနိုင်ပါတယ်" လို့ သူမက ပြောသွားပါတယ်။
လက်ရှိအချိန်မှာတော့ ကုန်ပစ္စည်းအမှတ်တံဆိပ် အများအပြားဟာလည်း Facebook Messenger ကို အသုံးပြုနေပြီဖြစ်ပါတယ်၊ ဒက်ခ်ျလေကြောင်းလိုင်း KLM ဟာဆိုရင်လည်း ယင်းရဲ့ ဖောက်သည်တွေ လက်မှတ်လှမ်းမှာတဲ့အခါ Messenger ကနေတဆင့် လက်မှတ်တွေ ပေးပို့ပေးနေပြီလို့ သိရပါတယ်။ အလားတူ များစွာသော လက်လီလုပ်ငန်းတွေဟာလည်း ယင်း Messenger ကိုသုံးပြီး ဈေးဝယ်စာရင်းတွေ ၊ထုတ်ကုန်စာရင်းတွေပေးပို့တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment