27.9.16

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ပြည်တွင်းလုပ်ငန်းရှင်များသာ ဦးစားပေး လုပ်ကိုင်စေမည်

တနင်္သာရီတိုင်းဒေသ ကြီးရှိ မြိတ်ကျွန်းစုများ၌ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေ ရေး ဆောင်ရွက်ရာတွင် အိမ်နီး ချင်းနိုင်ငံရှိ ကုမ္ပဏီအချို့က ကမ်း လှမ်းမှုရှိသော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ သာ ဦးစားပေးဆောင်ရွက်စေမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က ပြော ကြားသည်။

အဆိုပါကျွန်းစုဒေသများ၌ ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင် ရေးအတွက် လာမည့်အောက်တို ဘာအတွင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
လာမည့် ခရီးသွားရာသီ၌ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာ ရောက်နိုင်စေရန် အထက်ပါဒေသ ရှိ ကျွန်စုများတွင် ခရီးသွားဒေသ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
  ‘‘ကျွန်းစုတွေမှာကတော့ ခြောက်လပဲ လုပ်လို့ ရမှာပေါ့။ ခြောက်လကတော့ နားရမယ်။ ဒီဒေသတွေကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံး အပါအဝင် ကွင်းဆင်းစူးစမ်းမှုတွေ လုပ်ပြီး ဖွံ့ဖြိုးအောင်လုပ်မယ်။ လောလောဆယ် ယိုးဒယားတွေတောင် ကမ်းလှမ်းမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တိုင်းရင်းသား လုပ်ငန်းရှင်တွေပဲ ဦးစားပေးမှာပါ။ အခု ကမ်းလှမ်းထားတာ သုံးဖွဲ့လောက်ရှိပြီ။ အကျိုးခံစားခွင့်များ များရအောင် မြိတ်ကျွန်းစု ဖွံ့ဖြိုး မှုလုပ်လို့ရအောင် နောက်လမှာ ကျွန်တော်ကိုယ်တိုင် ဆင်းကြည့် ပါမယ်’’ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။
မြိတ်ကျွန်းစုဒေသသည် သ ဘာဝအတိုင်း မပျက်စီးသေးသည့် ခရီးစဉ် ဒေသများအနက် တစ်ခု အဖြစ် နာမည်ကြီး၍ နိုင်ငံခြား ဧည့်သည်များ စိတ်ဝင်စားမှုများ သည့် ဒေသဖြစ်သည်။
၂၀၁၄ အတွင်း မြိတ်ကျွန်းစုများသို့ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည် ၂,၅၆၂ ဦးရှိရာမှ ၂၀၁၅ တွင် ၃,၂၈၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment