1.12.14

MH-17 လေယာဉ်ပစ်ချခံရရာတွင် သေဆုံးသူ တစ်ဦး၏ မိခင်က ယူကရိန်းကို တရားစွဲ

မလေးရှားလေယာဉ်ပစ်ချခံရ ရာတွင် သေဆုံးသွားသူတစ်ဦး၏ မိခင်က ယူကရိန်းကို ဥရောပလူ့အ ခွင့်အရေးတရားရုံးတွင် တရားစွဲဆို ကြောင်း၊ ယူကရိန်းသည် အန္တရာယ် မကင်းသော ယင်း၏ လေပိုင်နက်ကို ပိတ်ထားရန် ပျက်ကွက်သည်ဟူ၍ စွပ်စွဲကြောင်း ဂျာမန်သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။

ထိုအမျိုးသမီးသည် စထရက်စ် ဘာ့ဂ်အခြေစိုက် တရားရုံးတွင် လွန် ခဲ့သောသီတင်းပတ်၌ ဦးတိုက်လျှောက် ထားခဲ့သည်။ ယူကရိန်းက လူ့အသက် ဘေးအန္တရာယ်ကို လျစ်လျူပြုထားခဲ့ သောကြောင့် ခရီးသည်များသေဆုံး ရခြင်းအတွက် လျော်ကြေးငွေ ယူရို ၈ဝဝဝဝဝ ရလိုကြောင်း ဦးတိုက် လျှောက်ထားခဲ့သည်ဟု Bild သ တင်းစာက ဖော်ပြသည်။

မလေးရှားလေယာဉ် MH-17 သည် သောင်းကျန်းသူများ ထိန်းချုပ် ထားရာ ယူကရိန်းအရှေ့ပိုင်းဝေဟင် တွင် ပစ်ချခံခဲ့ရရာ ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့ရသည်။

ထိုသေဆုံးသူ များအနက် ၁၉၃ ဦးတို့မှာ ဒတ်ခ်ျ များဖြစ်ကြ၍ ဂျာမန်လေးယောက် ဖြစ်ကြောင်း မလေးရှားလေကြောင်း လိုင်းအဆိုအရ သိရ၏။

Ref, The Striaits Times

0 comments:

Post a Comment