5.7.13

ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သူ တင်းနစ်မယ်လေးဦးတွင် ဂရင်းစလင်းချန်ပီယံဆုဖလား ရရှိဖူးသူတစ်ဦးမျှမပါဝင်



   အင်္ဂလန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၀င်ဘယ်လ်ဒန် ချန်ပီယံရှစ် ဂရင်းစလင်း တင်းနစ် ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့သူ တင်းနစ်မယ် လေးဦးတွင် ဂရင်း စလင်း ချန်ပီယံဆုဖလား ရရှိဖူးသူ တစ်ဦးမျှ ပါဝင်ခြင်းမရှိကြောင်း သိရသည်။ယခုနှစ် ၀င်ဘယ် လ်ဒန်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်များတွင် မထင်မှတ်သည့် ရလဒ် (upset) အများ အပြားထွက်ပေါ်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ နိုင်ခြေအဆင့် (ဆီဒင်) ၁ မှ ၁၀ အတွင်းသတ် မှတ်ခံရသူ နှစ်ဦးသာတက်ရောက်နိုင်ခဲ့သည်။ ကွာတားပွဲစဉ်များတွင် ရက်ဝန်စကာ (ပိုလန်၊ ဆီ ဒင် ၄)နှင့် လီနာ(တရုတ်၊ ဆီဒင် ၆)တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရက်ဝန်စကာက ၇- ၆(၇-၅)၊ ၄- ၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ကျန်ပွဲစဉ်များတွင် စတုတ္ထအဆင့်၌ လက်ရှိချန်ပီယံ ဆရီနာဝီလျံ ကို အနိုင်ရခဲ့သူ လီဆစ်ကီ (ဂျာမနီ၊ ဆီဒင် ၂၃) က ကနက်ပီ (အက်စ်တိုးနီးယား၊ ဆီဒင်မဲ့) ကို ၆-၃၊ ၆-၃၊ ဘာတိုလီ (ပြင်သစ်၊ ဆီဒင် ၁၅) က စတီဖင်စ် (အမေရိကန်၊ ဆီဒင် ၁၇)ကို ၆-၄၊ ၇-၅၊ ဖလစ်ကန်စ် (ဘယ်လ်ဂျီယံ၊ ဆီဒင် ၂၀)က ကေဗစ်တိုဗာ(ချက်၊ ဆီဒင် ၈)ကို ၄-၆၊ ၆-၄၊ ၆-၃ ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သူလေးဦး အနက် ဂရင်းစလင်းချန်ပီယံဆုဖလား ရရှိဖူးသူတစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိဘဲ ရက်ဝန်စကာ (၂၀၁ ၂)နှင့် ဘာတိုလီ(၂၀၀၇)တို့နှစ်ဦးသာ ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ် ဗိုလ်လုပွဲအဆင့်သို့သာ တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။ ကျန်တင်းနစ်မယ် နှစ်ဦးအနက် လီဆစ်ကီက ၂၀၁၁ ၀င် ဘယ်လ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ဖူးပြီး ဖလစ်ကန်စ်မှာမူ ကစားသမား ဘ၀တစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်တွင် ဘာတိုလီနှင့် ဖလစ်ကန်စ်၊ လီဆစ်ကီနှင့် ရက်ဝန်စကာတို့ ဆုံတွေ့နေပြီး ယင်းပွဲစဉ်များကို ဇူလိုင် ၄ ရက် (ယနေ့) ညပိုင်း (မြန်မာစံတော်ချိန်)တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:AFP,AP

0 comments:

Post a Comment