21.11.14

လိပ်ကျွန်းအမှု စွပ်စွဲခံမြန်မာနှစ်ဦးကို ငါးကြိမ်မြောက် ရမန်ချုပ်ရက် ထပ်တိုး ၊ အဆိုပါရက်အတွင်း အာမခံပြုလုပ်နိုင်ဟုဆို


လိပ်ကျွန်း အမှု စွပ်စွဲခံမြန်မာနှစ်ဦးကို ကော့ စမွေခရိုင်တရားရုံးမှ စစ်ဆေးရန် အချက်အလက် မစုံသေးသော ကြောင့် ငါးကြိမ်မြောက်အဖြစ် ရမန် ချုပ်ရက် ထပ်မံတိုးပေးလိုက်ပြီး မြန်မာနှစ်ဦးအတွက် အာမခံလျှောက် ထားခွင့်ကို တရားရုံးမှ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာသံရုံး အထူး စုံစမ်းရေးအဖွဲ့မှ သိရသည်။

နိုဝင်ဘာ ၂ဝရက် လေးကြိမ် မြောက် ရမန်ရုံးချိန်းတွင် ကော့စမွေ ခရိုင်တရားရုံးမှယင်းကဲ့သို့ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပြီး ငါးကြိမ်မြောက်ရမန် ချုပ်ရက်အဖြစ် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၂ရက်အတွင်း အာမခံပြု လုပ်နိုင်မည်ဟုလည်း တရားရုံးမှခွင့် ပြုပေးခဲ့ကြောင်း သံရုံးအထူးစုံစမ်းရေး အဖွဲ့ဝင်ရှေ့နေဦးအောင်မျိုးသန့်က ဆိုသည်။

ထိုသို့အာမခံလျှောက်ရန်အ တွက်ကိုလည်း တစ်ဦးအနည်းဆုံး လျှင် ထိုင်းငွေဘတ် ငါးသိန်းစီဖြင့် အာမခံလျှောက်ထားရမည်ဖြစ် ကြောင်း ယင်းသို့အာမခံပြုလုပ်ရန်ထိုင်းဥပဒေတွင် ပြဋ္ဌာန်ထားကြောင်း ရှေ့ နေဦးအောင်မျိုးသန့်က ဆိုသည်။

ဦးအောင်မျိုးသန့်က''ချုပ်ရက် ရမန်ထပ်တိုးပြီး တရားသူကြီးက အာ မခံလုပ်နိုင်ကြောင်း ခွင့်ပြုပေးခဲ့ပါ တယ်။ အဲ့ဒါကိုရမန်ချုပ်ရက်အတွင်း မှာ အချုပ်လွတ်ထုချေမယ်ဆိုရင် ထိုင်း ဥပဒေပါအတိုင်း အနည်းဆုံးတစ်ဦး ကို ထိုင်းငွေဘတ် ငါးသိန်းနဲ့လျှောက် ထားနိုင်ပါတယ်၊ ပေးခြင်း၊ မပေးခြင်း ကတော့ တရားသူကြီးအပေါ်မူတည် ပါတယ်''ဟု ပြောသည်။

အဆိုပါအမှုအတွက်အာမခံ လျှောက်ထားရန်ရှိကြောင်းနှင့်အမြန် ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း မြန်မာသံရုံးမှ သိရသည်။

Democracytoday

0 comments:

Post a Comment