16.9.13

ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမားဘွဲ့ကို လွှဲပြောင်း ယူသွားတဲ့ ဘေးလ်ကို သွယ်ဝိုက် သတိပေးတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုက အသင်းသို့ ဘောလုံးလောက၏ စံချိန်တင် ပြောင်းရွေ့ ကြေးဖြင့် ပြောင်းရွေ့ ရောက်ရှိလာသော ဘေးလ်အား သွယ်ဝိုက်ကာ သတိပေး စကားပြောကြား သွားခဲ့သည်။


ဘောလုံးလောက၏ အမြင့်ဆုံး လုပ်ခလစာကို ခံစားခွင့် ရရှိမည့် စာချုပ်အား ယမန်နေ့က လက်မှတ်ထိုး သွားခဲ့သော စီရော်နယ်ဒိုက - "အသင်းနဲ့ နှစ်ရှည် စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့လို့ ကျွန်တော် အရမ်းဝမ်းသာ နေတယ်၊ စာချုပ်သစ်မှာ လက်မှတ်ထိုး နိုင်ခဲ့ပြီး နောက်မှာ ကျွန်တော့် စိတ်ထဲ အတိုင်းမသိကို ပေါ့ပါးပြီး ပျော်ရွှင်နေမိတယ်၊ ကျွန်တော်နဲ့ ဥက္ကဌနဲ့ ကြားမှာ ဘာပြဿနာ ကြီးကြီးမားမားမှ မရှိပါဘူး၊ အရင်တုန်းက သဘောတူညီမှု မရခဲ့ဘူး ဆိုတာကလည်း ညှိုလို့မရတဲ့ အပိုင်းတွေ အများကြီး ရှိခဲ့လို့ပါ၊ ဒါကလည်း ဖြစ်ရိုး ဖြစ်စဉ်ပါပဲ" ဟု စာချုပ်သစ်နှင့် ပတ်သက်ပြီး ပြောကြား သွားခဲ့သည်။

ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဘွဲ့အား ၎င်းထံမှ လွှဲပြောင်း ယူသွားခဲ့သော ဘေးလ်အား သွယ်ဝိုက်၍ ခရစ္စတီယာနိုက - "ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းကြီးဆီကို ဘောလုံးလောကရဲ့ အမြင့်ဆုံး ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ၊ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့ လာခဲ့ရတဲ့ အတွက် အတော်လေး ဖိအားများခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက် ပေးချေခဲ့ရတဲ့ တန်ဖိုးဟာ တန်ပါတယ်ဆိုတဲ့ အနေအထား မျိုးရောက်အောင် ကျွန်တော် သက်သေပြခဲ့ပြီး ပါပြီ" ဟု ပြောကြား သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

0 comments:

Post a Comment