7.7.16

သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရန်၊ ရှောင်ရန်အချက်များ

ရေလွှမ်းမိုးမှုမဖြစ်မီ
----------
၁) ရေလွှမ်းမိုးမှုသတိပေးကြေညာချက်များနှင့် မိုးလေဝသသတင်းများကို အမြဲမပြတ်နားထောင်ပါ။
၂) ထူးကဲဒီရေတက်နိုင်သည့်ဒေသတွင် နေထိုင်ပါက ရေတက်ရေကျသိနိုင်သည့် ပြက္ခဒိန်ဆောင်ထားပါ။
၃) နေအိမ်ကိုအခြေခံအုတ်မြစ်မှစ၍ ခိုင်မာစွာတည်ဆောက်ပါ။
ရေလွှမ်းမိုးမှုဖြစ်လာလျှင်
-----------
၁) သောက်ရေနှင့် ကြာရှည်ခံအစားအစာတို့ကို သုံးရက်စာခန့် စုဆောင်းထားပါ။
၂) ရှေးဦးပြုစုခြင်းသေတ္တာနှင့် အိမ်သုံးဆေးဝါးတို့ကိုစုဆောင်းပါ။
၃) အိမ်ထောင်ပရိဘောဂ အသုံးအဆောင်များကို ရေလွတ်သည့်အမြင့်၌ထားပါ။
၎) လိုအပ်ပါက ရွှေ့ပြောင်းနေထိုင်နိုင်ရန် နေရာရှာဖွေသတ်မှတ်ထားပါ။
၅) မွေးစာရင်း၊ သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစသော အရေးကြီးစာရွက်စာတမ်းများကို ရေစိုခံပလတ်စတစ်အိတ်တွင် ထည့်ထားပါ။
၆) မသန်စွမ်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အထူးစောင့်ရှောက်ပေးပါ။
ရေတက်နေစဉ်အချိန်
----------
၁) အန္တရာယ်ရှိ၍ပြောင်းရွှေ့ရန်လိုအပ်ပါက စနစ်တကျပြောင်းရွှေ့ပါ။
၂) အစားအစာများကို သေချာစွာချက်ပြုတ်ပါ၊ စနစ်တကျဖုံးအုပ်ပါ။
၃) မတော်တဆထိခိုက်ဒဏ်ရာများနှင့် ရေကြောင့်ကူးစက်တတ်သောရောဂါများမဖြစ်ပွားစေရန် ရေနှင့်အတူပါလာသော အဆိပ်ရှိသတ္တဝါများ၊ တုပ်ခြင်း၊ ကိုက်ခြင်းတို့ကိုသတိထားပါ။ သတ်မှတ်ထားသော ဆုံရပ်သို့သွားပါ။
၎) မလိုအပ်ဘဲရေစိုမခံပါနှင့်၊ အိမ်ထဲတွင်နေပါ။
၅) လျှပ်စစ်မိန်းခလုတ်ကိုပိတ်ပါ။ အိမ်ထဲမှထွက်ခွာရမည်ဆိုပါက လုံခြုံရေးအတွက်တံခါးနှင့် ပြတင်းပေါက်များပိတ်ပါ။
ရေပြန်ကျသည့်အချိန်
---------
၁) ရေပြန်ကျပြီးနောက် ရေကြီးခဲ့သည့်ဒေသ၊ နေရာအဆောက်အအုံသို့ ချက်ချင်းပြန်မသွားရ။
၂) အိမ်သို့ပြန်လာသည့်အချိန် လက်နှိပ်ဓာတ်မီးအသုံးပြုပါ။
၃) သင်၏နေအိမ်အနီး လျှပ်စစ်ဓာတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများပြတ်ကျနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာဌာနကို အကြောင်းကြားပါ။
၎) ရေမြုပ်နေသော လျှပ်စစ်အသုံးပြုပစ္စည်းများရှိပါက ခလုတ်မဖွင့်ပါနှင့်။ လျှပ်စစ်ကျွမ်းကျင်သူကို အရင်ပြသစစ်ဆေးပါ။
၅) ရေကိုကျိုချက်သောက်ပါ။
Credit To >>>လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

0 comments:

Post a Comment