6.1.14

ရှေးဟောင်း သင်္ချိုင်းကြီး အတွင်းမှ ဘီယာစတင် ထုတ်လုပ်ခဲ့သူ၏ အုတ်ဂူအား ဂျပန် ရှေးဟောင်း သုတေသန အဖွဲ့ တွေ့ရှိ

ဂျပန်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့သည် အီဂျစ်နိုင်ငံ လက်ဇာမြို့ အတွင်းရှိ ထင်ရှား ကျော်ကြားသော ဘုရားကျောင်း တစ်ခုအတွင်းမှ လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ဝဝ ရှေးအီဂျစ်ဘုရင်များ အုပ်စိုးစဉ် ကာလအတွင်းက ဘီယာ ထုတ်လုပ်မှုကို စတင်ခဲ့သူ တစ်ဦး၏ အုတ်ဂူကို တွေ့ရှိခဲ့ကြသည်ဟု ဇန်နဝါရီ ၃ ရက်တွင် အင်တာနက် သတင်းတစ် ပုဒ်၏ ဖော်ပြချက် အရ သိရသည်။


ခွန်ဆိုအမ်ဟက်ဘ် အမည်ရှိ အဆိုပါ ဘီယာ ထုတ်လုပ်ခဲ့သူသည် အီဂျစ်ကို အုပ်စိုးခဲ့သည့် ဖာရိုဘုရင် နန်းဆက် အတွင်းက အသက်ရှင် နေထိုင်ခဲ့သူဖြစ်ပြီး ၄င်းအုတ်ဂူအား ရှာဖွေ တွေ့ရှိခဲ့ခြင်းသည် လက်ဇာ မြို့အတွင်းရှိ ရှေးဟောင်းသင်္ချိုင်းကြီး အတွင်းမှ ရှာဖွေ တွေ့ရှိ မှုများအနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း အီဂျစ် ရှေးဟောင်း သုတေသန ဝန်ကြီး မိုဟာမက် အီဗရာဟင်က ပြောကြားသည်။

မြ၀တီ

0 comments:

Post a Comment