25.11.15

Easy Payမိုဘိုင်းငွေပေးဝန်ဆောင်မှုလေးမျိုး ရှေ့နှစ်ဆန်းတွင် စတင်မည်


မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် အမျိုးအစား လေးမျိုးကို ပြည်တွင်းကုမ္ပဏီ Easy Pay က ၂၀၁၆ ဇန်န၀ါရီတွင် စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 Easy Pay ကုမ္ပဏီသည် မိုဘိုင်းဖုန်းမှတစ်ဆင့် ဘီလ်ပေး ဆောင်ခြင်း(Bill Payment)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ငွေပေးချေခြင်း (B2B Money Transfer)၊ ဖုန်းပြောခငွေဖြည့်သွင်းခြင်း (Air Time Top Up)နှင့် အရောင်းအ၀ယ်ပြုလုပ်ခြင်း (MobileCommerce) တို့ကို ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးစိုးကိုကိုက ပြောသည်။
‘‘ရန်ကုန်မှာ အရင်အသုံးပြု နိုင်မယ်။ မန္တလေးမြို့မှာ အသုံးပြု ဖို့လည်း ဆောင်ရွက်နေတယ်။ ဇန်န၀ါရီလမှာ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်မှာပါ’’ဟု ၎င်းက ဆို သည်။
 ယင်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံဈေးကွက်၌ အာရုံ စိုက်လုပ်ကိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အာဆီယံဒေသ၌လည်း အသုံးပြုနိုင်ရေး ဆောင် ရွက်သွားရန် အစီအစဉ်ရှိကြောင်း ဦးစိုးကိုကိုက ရှင်းပြသည်။

Easy Pay ၀န်ဆောင်မှုကို အသုံးပြုရန် Easy Pay အမည် ဖြင့် မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုတ်ချ၍လည်းကောင်း၊ www.easypay.com ၀က်ဘ် ဆိုက်မှလည်းကောင်း ၀င်ရောက် နိုင်မည်ဟု ကြေညာထားသည်။
ဘီလ်ငွေပေးချေမှုမှာ သုံးစွဲ သူများပေးရန်ရှိသော ဘီလ်များ ကို EasyPay မိုဘိုင်းအက်ပလီ အေးရှင်းမှ တစ်ဆင့် ငွေပေးချေ နိုင်ပြီး လက်ရှိတွင် လျှပ်စစ်ဘီလ် နှင့် ရတနာပုံတယ်လီပို့အင်တာနက်ဘီလ်များကို ပေးနိုင်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းမှတစ်ဆင့် အ ရောင်းအ၀ယ်ပြုလုပ်ခြင်းမှာ ကုန် ပစ္စည်းများ ရောင်းဝယ်ရာတွင် ရောင်းသူ၊ ၀ယ်သူအဆင်ပြေစေ ရန်နှင့် ရောင်းသူနှင့် သုံးစွဲသူ နှစ် ဦးနှစ်ဖက်မှခွင့်ပြုမှသာ ဆောင် ရွက်နိုင်မည်ဖြစ်သည်။

Credit To >>> 7Day News 

0 comments:

Post a Comment