25.11.15

ကမ္ဘောဇဆက်သွယ်ရေးလမ်းကြောင်း (KBZ Gateway) ကုမ္ပဏီက Hughes JUPITER System နှင့်ပူးပေါင်းကာ မြန်နှုန်းမြင့်ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သွားမည်


ကမ္ဘောဇ ဆက်သွယ်ရေးလမ်းကြောင်း (KBZ Gateway ) ကုမ္ပဏီက Hughes JUPITER System နှင့် ပူးပေါင်း ကာ မြန်နှုန်းမြင့် ဂြိုဟ်တုဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းအား ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းမှုအရ ကမ္ဘာ လုံးဆိုင်ရာဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက် အဖြေရှာဖွေခြင်းနှင့် ဝန် ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သော Hughes Network Systems ac: LLC (Hughes) ၏ System အား မြန်မာပြည်တွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ ဆောက်လုပ်အကောင် အထည်ဖော်နေဆဲဖြစ်သော အဆို ပါစီမံကိန်းတွင် JUPITER မြေပြင် စခန်းမှ Gateway များဖြင့် ထိန်းချုပ် သွားမည်ဖြစ်ပြီး အဝေးထိန်းမော် နီတာစနစ်သည် Ku-(minus) နှင့် C-(minus) ပတ် လမ်းရှိ ဂြိုဟ်တုဆက် သွယ်ရေးများနှင့် ချိတ်ဆက်ကာ လုပ် ငန်းစုများ၊ ဝယ်သူများနှင့်
မြန်မာနိုင် ငံတစ်ဝန်းလုံးရှိ တယ်လီဖုန်း ဆက် သွယ်ရေးလုပ်ငန်းများအား ဆက် သွယ်ချိတ်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
KBZ Gateway ကုမ္ပဏီ စီ အီးအို Stephane Lamoureux က ''မြန်မာ့တယ်လီဖုန်း ဆက်သွယ် ရေးနယ်ပယ်မှာ ပိုမိုအောင်မြင်ပြီး ကျယ်ပြန့်တဲ့မြန်နှုန်းမြင့် လိုင်းချိတ် ဆက်မှုနဲ့ ပင်မဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများရရှိ ခံစားစေဖို့ ရည်ရွယ်ပါတယ်။ အခု ဆိုရင် ဒီ JUPITER System က နေ ကျွန်တော်တို့ကို ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ပေးမှာဖြစ် ပြီး မြန်မာနိုင်ငံအတွင်းကနေ ချိတ် ဆက်နိုင်မယ့် အရည်အသွေးမြင့် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင် မှုတွေကတစ်ဆင့် လုံးဝပြတ်တောက် မှုမရှိတဲ့ဆက်သွယ်ရေးစနစ်ကို မကြာ မီမှာပေးစွမ်းနိုင်တော့မှာပါ''ဟုဆိုသည်။
Hughes Network Systems တွင် လိုက်လျောညီထွေရှိပြီး အား ကောင်းသော လည်ပတ်မှုစနစ်ပါရှိ သည့် Gateway တည်ဆောက်ပုံ စနစ်များပါဝင်ပြီး IPoS လေစနစ်ပါ ဝင်သော ကြားခံနယ်၏ အပိုင်းအခြား များအားတိုးချဲ့ထားပြီး ပို့လွှတ်မှု ပမာဏမြှင့်ထားသော Terminal များ၊ Operator များ၏ ခံနိုင်ရည်နှင့် ဂြိုဟ်တုပတ်လမ်းတွင် တပ်ဆင်ထား သောကိရိယာများ၏ ခံနိုင်အားများကို လည်းတိုးမြှင့်ထားကြောင်းသိရသည်။
Hughes ၏ ဥက္ကဋ္ဌ Ramesh Ramaswamy က ''မြန်မာနိုင်ငံသည် လက်ရှိ တယ်လီဖုန်းဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းဈေးကွက် ကို ပိုမိုအရေးပါလာအောင် တွန်းအား ပေးလျက်ရှိပြီး KBZ Gateway သည်လည်း ဒီလုပ်ဆောင်မှုမှာ ရှေ့ တန်းမှ ဦးဆောင်လျက်ရှိပါတယ်။ JUPITER System နဲ့ ၎င်းတို့ဟာ အကောင်းဆုံး ဂြိုဟ်တုချိတ်ဆက် ရေးဝန်ဆောင်မှုတွေကို ယနေ့ထုတ် လွှတ်ပေးနိုင်တော့မှာဖြစ်ပြီး၊ စီမံ ကိန်းတွေကိုလည်း ပိုမိုမြန်ဆန် အောင်လုပ်ဆောင် နိုင်ကြတော့ မှာ ဖြစ်ပါ တယ်။ နောက်ပြီး ပိုမိုကျယ် ပြန်တဲ့ ဆက်သွယ်ရေး ကိရိယာတွေ ကိုလည်း လိုင်းအားမြင့် ဂြိုဟ်တုက နေတစ်ဆင့် ရယူအသုံးပြု နိုင်တော့ မှာဖြစ်ပါတယ်''ဟု ဆိုသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment